(unicode )
ရှင်းနဲ့ ပုလဲရယ် အာကာရယ်က သူတို့အကြံတေ ဖော်ဖို့စတင်လေတယ်။ ပြန်ခံရမယ့်အရေး သတိမထားမိဘဲပေါ့လေ။ အာကာ တစ်ယောက်တော့ စိတ်ထဲလန့်နေသည် အကိုလေးကြောင့်သာ မဟုတ်ရင် သူလုပ်စရာအကြောင်းမရှိ။
"ပုလဲ ငါတို့စီစဥ်တာ လုပ်မယ် "
"အေးပါဟယ် နင်တို့သာ သေချာလုပ်နော် သူတို့က လွယ်တာမဟုတ်ဘူး"
ပုလဲ အပြောကို သူတို့လဲ ခေါင်းငြိမ့်ကာ နားလည်ကြောင်းပြလိုက်သည်။ ပြီးတာနဲ့ မိလှဘက်လှည့်ကာ ပြောရသေးသည်။
"ဟဲ့ မိလှ ကိုဖြိုးနဲ့ ကိုသီဟရယ် ကို ဘော်ဒီဂတ်တေကို အခန်းလိုက်ပြခိုင်းလိုက် ပြီးရင် သူတို့လဲနားကြလို့ နင်လဲနားတော့ "
"အေးပါ ငါကြည့်စီစဥ်ပါ့မယ်"
မိလှ လဲဖြေသာ ဖြေလိုက်ပင်မယ့် စိတ်ထဲမှာတော့ တစ်ခုတွေးလိုက်သည်။
*ခံကြပါ ကလိကြပါ ပြီးရင် သူတို့နိုင်မှာကျနေတာဘဲ။ ငါတော့မနက်ကျ ဖြစ်နေမယ့် ဟာတေမြင်ယောင်သေးတယ်။
"လာ...လာလစ်မယ် ဟိုမှာမူးနေကြပြီ ထင်တယ်"
မိလှက ဘော်ဒီဂတ်တေနဲ့အတူ ကိုဖြိုးတို့ကို ပခေါ်သွားပြီးတာနဲ့ ကျန်နေသေးတဲ့ တိုင်းခန့်ရယ် မကြယ်ရယ် H ရဲ့အနားကို တစ်ယောက်ဆီတိုးသွားလိုက်သည်။
"မောင်..."
"မရေ..."
"ဟိုကောင်...အဟီး Hလို့"
အကိုလေးတို့က သူတို့လူတေကို အသံလေးနူးနူးညံ့ညံ့ နဲ့ခေါ်တာကြောင့် ကိုယ်လဲ မေ့ပြီး သတ်နေကြနာမည်ခေါ်တော့ မျက်စောင်းတေက ဒိုင်းကနည်းရောက်လာတာကြောင့် ဟိုအကောင်ရဲ့နာမည်ကို လေပြေလေးနဲ့ခေါ်ရတော့တယ်။
"ဘာလဲ ဟ ဘိုးတော်တို့က မမြင်တာလား မူးပြီးဂေါက်နေတာလား"
ရှင်းတို့ ခေါ်နေတာကိုမကြားဘဲ အရက်သာ ဆက်သောက်နေကြတာ ဘယ်ထဲကငတ်နေလဲမသိ ဘေးက ကိုဖြိုးတို့မရှိတာတောင်သိရဲ့လား။
ရှင်းတို့လဲ တစ်ယောက်နဲ့ တစ်ယောက်အချက်ပြကာ နောက်ဆုံးအဆင့်ကို တန်းလုပ်လိုက်သည်။ ရှင်းက တိုင်းခန့်ရဲ့ပေါင်ပေါ် ထိုင်လိုက်သည်။ ပုလဲကမကြယ်ရဲ့ မျက်နှာချင်းဆိုင် မှာထိုင်လိုက်သည်။ အာကာမှာ ခပ်လန့်လန့်နဲ့ဘဲ ဘေးနားအသာကပ်ထိုင်လိုက်သည်။
YOU ARE READING
Butterfly [completed]