ညနေခင်းကို မိုးလေးကဖွဲဖွဲရွာနေသည်။
နားကြပ်လေးတပ်ရင်း YBS bus carကား၏ နောက်ဆုံးခုံ ပြတင်းပေါက်နံဘေးတွင် ထိုင်ကာ ဖုန်းကြည့်နေတဲ့ ကိုယ်။ရုတ်တရပ်တွေ့လိုက်သော postတစ်ခုက ကိုယ့်အား ခေတ္တရပ်တန့်သွားစေသည်။
အချစ်ဦးတစ်ယောက်မင်းမှာရှိခဲ့သလား? တဲ့။
အင်း ရှိခဲ့တယ်ပဲဆိုရမလား။
လှပတဲ့အတိတ်တွေမဟုတ်ပေမယ့်လည်း ပြန်ပြီးတူးဆွကြည့်တဲ့အခါ အဆင်ပြေနိုင်မလား။
ဒီအကြောင်းတွေ ကိုယ် မင်းကိုပြောပြမယ်ဆိုရင်ရော မငြိုငြင်ပဲ မင်းနားထောင်ပေးနိုင်မယ်မလား။
.
.
.
မိုးတွေသည်းနေပါသောထိုနေ့...ပထမဆုံးကျောင်း
တက်ရက်လည်းဖြစ်သည်။ကျောင်းကားက အစောကြီးလာခေါ်မည်ဆိုသဖြင့် မထချင်ဘဲထလိုက်ရသည်။မထလို့ကလဲမဖြစ် မနိုးမချင်း အဘွားရဲ့ "ကျောင်းနောက်ကျတော့မယ်" ဟူသောအသံနှင့်အတူ "မိန်းကလေးဖြစ်ပြီး အပျင်းထူလိုက်တာ" ဟူသော ပူညံသံကိုပါ ကြားလိုက်ရသည်။
အိပ်ရေးမ၀သဖြင့် စိတ်ကကြည်လင်၍မနေ။ ကျောင်းကားပေါ်သို့ရောက်သည်နှင့် ပြတင်းပေါက်ဘေးတွင်၀င်ထိုင်ကာ ခေါင်းမှီရင်း အိပ်စက်လိုက်သည်။
"နောက်ဆုံးကတစ်ယောက် ထတော့နော် ကျောင်းရောက်နေပြီ"
ကားသမားဦးလေးကြီးရဲ့အော်သံအဆုံး ကိုယ်မျက်လုံးဖွင့်ကြည့်လိုက်တော့ ကားပေါ်မှ ဘယ်သူမှရှိမနေတော့ပါ။ အားနာနာနှင့်သာ ပြုံးပြရင်း ခပ်သွက်သွက်ဆင်းလာလိုက်သည်။
မိုးတွေကသည်းလို့နေသည်။ ဒီမိုးနှင့်တော့ခက်ပြီ။ ကိုယ့်မှာထီးလဲပါမလာဘူးလေ။ အိတ်ထဲကဖိုင်ကို ခပ်မြန်မြန်ထုတ်ရင်း ခေါင်းကိုအုပ်ဖို့လုပ်နေစဉ် ထီးတစ်ချောင်းက ကိုယ့်ကို အုပ်မိုးပေးလိုက်သည်။ ကြောင်အစွာ မော့ကြည့်လိုက်တော့ မိန်းကလေးတစ်ဦး... သေချာပြောရရင် ကိုယ်နဲ့အသက်တူတူလောက်ရှိမယ့် မိန်းကလေးတစ်ဦး။ အရပ်ကလည်း အတူတူလောက်မို့ သူမ၏ မျက်နှာမှာ ကိုယ့်မျက်နှာနှင့်တစ်တန်းတည်း ဖြစ်လို့နေသည်။ ဖြူဖွေးသောအသားအရည်မှာတော့ ကိုယ့်အသားညိုညိုနှင့် လားလားမျှမအပ်စပ်နေ။ ဆံပင်တွေကို mulletကေညပ်ထားသည်။ အမှတ်တမဲ့ကြည့်မိရင် ယောကျာ်းလေးနှင့်တောင် တူသေး၏။ အစထဲက ဂေးချင်နေတဲ့ ကိုယ်က နီးကပ်နေသော မျက်နှာတွေကြောင့် အမည်မသိလှိုင်းလေးတစ်ခုဖြတ်ပြေးသွားခဲ့သည်ထင်ပါ၏။
YOU ARE READING
သူကလည်း သူ ကိုယ်ကလည်း လူ..တစ်မျိုး.../GIRL LOVE/
Short StoryWhat is love? Love is pain.