Hmm.....

227 5 0
                                    

၂နှစ်တိတိကြာသွားပြီပေမယ့် ကိုယ်ဟာ သူမကိုချစ်နေဆဲပါပဲ။

လူတွေကပြောကြတယ် တစ်ဖတ်သတ်အချစ်ဟာ အရမ်း၀မ်းနည်းကြေကွဲရသတဲ့။ အင်း...၀မ်းနည်းရပါ‌တယ် ၀မ်းနည်းရပေမယ့် ကိုယ်ပျော်‌တယ်။ သူမနဲ့အနာဂတ်အကြောင်းတွေစဉ်းစားမိတိုင်း တနေ့နေ့မှာ အဲ့လိုမျိုးတွေဖြစ်လာမယ်လို့တွေးလိုက်တိုင်း ကိုယ့်စိတ်ကူးထဲမှာ ကိုယ်သိပ်ပျော်ရွှင်နေရတယ်အချစ်ရယ်။

စုံစမ်းမှုအရ သိရှိခဲ့ရတာဟာ သူမနဲ့ကိုယ်က ကားလမ်းမကြီးတစ်ခုရဲ့တစ်ဖက်တစ်ခြမ်းစီမှာ နေထိုင်နေတယ်။ ဒါပေမယ့် သူမရဲ့အမေနဲ့အဖေဟာ အိမ်ခွဲနေတာမို့ သူမအဖေအိမ်ကတော့ ကိုယ်နဲ့၂လမ်းကျော်မှာ။

ကိုယ်သူမကို ရဲတင်းစွာ ဖုန်းဆက်ခဲ့မိပေမယ့် သူမကဖုန်းကိုင်ခဲ့တယ်။ ပြီးတော့စကားတွေအများကြီးပြောခဲ့ကြတာ။ ဖုန်းမချခင်မှာ ပြောလိုက်တဲ့သူမစကားက သူမကိုလက်လွှတ်ဖို့မသင့်တော်လောက်အောင်ပဲ။ ကိုယ့်မှာမျှော်လင့်ချက်လေးထပ်ရှိလာရပြန်ပြီပဲလေ။

"ငါဖုန်းအကြာကြီးပြောတာ နင်ကပထမဆုံးပဲ"

တစ်နာရီတိတိပြောခဲ့ကြတဲ့ ဖုန်းကောလ်တစ်ခုက ရေရေရာရာအကြောင်းအရာတစ်ချို့ပါ၀င်တယ်။ တစ်ချို့တစ်လေကတော့ ဘာပြောရမှန်းမသိလို့ နှုတ်ဆိတ်နေတဲ့အချိန်တွေ။

အမြတ်နိုးဆုံးလူသားရဲ့ ပထမဆုံးဖုန်းအကြာကြီးပြောတဲ့ သူငယ်ချင်းကကိုယ်ပေါ့။ သူမရဲ့အခင်ဆုံးသူငယ်ချင်းတွေကို ဒီအကြောင်းပြောပြတော့ သူတို့က အံ့အြကြတယ်။ သူမကလေ အခင်ဆုံးအရင်းနှီးဆုံးဆိုတဲ့ သူတို့နဲ့တောင် ၅မိနစ်ထပ်ပိုမပြောခဲ့ဘူးတဲ့။

"အမြတ် ငါတို့မုန့်သွားစားကြမလား"

ဒီစကားလေးပြောဖို့ ကိုယ်အများကြီး ကြိုးစားခဲ့ရတာ။ အကယ်၍များ သူမသာငြင်းဆိုခဲ့ရင် ကိုယ်တော့ နေမကောင်းဖြစ်တော့မယ်ထင်ပါရဲ့။

"ငါတို့နှစ်ယောက်ပဲလား"

"လောလောဆယ်တော့ နှစ်ယောက်ပဲ နင်ခေါ်ချင်တဲ့သူရှိရင်ခေါ်လေ"

"မခေါ်တော့ဘူး ငါတို့ပဲသွားမယ်"

"....အေးပါ......."

သူကလည်း သူ ကိုယ်ကလည်း လူ..တစ်မျိုး.../GIRL LOVE/Where stories live. Discover now