တဖြည်းဖြည်းနဲ့ သံယောစဉ်တွယ်နေပြီ။
တဖြည်းဖြည်းနဲ့ ကိုယ်ဟာ ဒီနွံ့ထဲကနေ ရုန်းမထွက်နိုင်တော့ဘူးပဲ။ သူမရဲ့အဲ့ဒီစကားလုံးတွေနဲ့ အပြုံးတွေက ကိုယ့်ကို မဖြစ်သင့်တဲ့မျှော်လင့်ချက်တွေ ပေးနေခဲ့ပါတယ်။ ကိုယ်ကလည်း မငြင်းဆိုဘဲ ရယူမေခဲ့တာပဲ။ကျောင်းပိတ်ရက်တွေက ကုန်ဆုံးသွားပြီး ကိုယ်နဲ့သူမကြားက ရင်းနှီးမှုဟာ ပိုပြီးနက်ရှိုင်းလာတယ်လို့ ဆိုရမလား။ မရေရာတဲ့ အခြေအနေမှာ အများကြီးတွေးလို့မရမှန်းသိပေမယ့် ကိုယ်တွေးမိနေတုန်းပဲ အချစ်ရယ်။
ကိုယ်ဟန်ဆောင်တာတော်တယ်မလား။ ကိုယ်ဟာအခု ကြိုက်တယ်ဆိုတဲ့ အသုံးနှုန်းကိုကျော်လွန်ပြီး သူမကို နှစ်နှစ်ကာကာကိုချစ်မိနေပါပြီ။
"ငါ့ကိုဟိုဘက်ခန်းက အမကြီးနဲ့ပေးစားနေကြတယ်"
ကိုယ်က ရယ်မောရင်း ပြောလိုက်ပေမယ့် သူမမျက်နှာကတော့ ရေသေလိုတည်ငြိမ်နေဆဲ။
"သဘောတွေကျနေတယ်ပေါ့"
"အဲ့လိုလဲမဟုတ်ပါဘူး ငါက...."
"တော်ပြီ....ငါနင့်ကိုအဲ့ဒါတွေမကြိုက်တာ"
"ငါဘာလုပ်မိလို့လဲ"
"မသိဘူး"
"ငါကဒီတိုင်း နင့်ကိုပြောပြတာလေ ငါကြိုက်နေတယ်လို့ရော ပြောမိလို့လား"
"သူ့ကိုမကြိုက်တာသေချာတယ်ပေါ့"
"အေး"
"ဟင်း....ငါကနင်အဲ့လိုလုပ်နေတာတွေက မကောင်းလို့ပြောရတာပါ ဘာပဲဖြစ်ဖြစ်လေ နင့်ကိုဝိုင်းကြိုက်တယ်ဆိုတာဟုတ်ပေမယ့် အတည်မဟုတ်ဘဲ ဘယ်သူ့ကိုမှမတွဲသင့်ဘူးထင်လို့ပါ"
"နင်ကျတော့ရော နင့်ကိုကြိုက်တဲ့လူတွေက ငါ့ထက်တောင်များနေသေးတယ်လေ"
"ငါအဲ့လူတွေကိုပြန်ကြိုက်လို့လား"
"မဟုတ်ဘူးလေ ငါပြောချင်တာက....ထားလိုက်တော့...ငါဘယ်သူနဲ့မှတွဲမှာမဟုတ်ဘူးသိလား ငါ့မှာအတည်ချစ်နေတဲ့လူရှိတယ်"
"ဟင်"
အံ့အြသံတစ်ချက်ပြုပြီး သူမမျက်လုံးတွေက တစ်ခုခုကို စဉ်းစားနေသလိုလို။
YOU ARE READING
သူကလည်း သူ ကိုယ်ကလည်း လူ..တစ်မျိုး.../GIRL LOVE/
Short StoryWhat is love? Love is pain.