ရင်ခုန်သံပိုလို့ကျယ်လောင်လာခဲ့

182 5 0
                                    

ဒိတ်တယ်လို့မမြည်တဲ့ ဒိတ်အသေးစားလေးတစ်ခုက ကိုယ်တို့နှစ်ယောက်ကြားက အကွာအဝေးကို ပိုနီးကပ်လာစေမယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ။

သူမနဲ့ကိုယ်ရဲ့ရင်းနှီးမှုအတိုင်းအတာက နေရာတစ်ခုကိုရောက်နေခဲ့ပြီလေ။

သူမက ပျင်းတယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ ကိုယ့်အိမ်ကိုအမြဲလာလည်တတ်သလို ရံဖန်ရံခါ ညလဲအိပ်တတ်သေးတယ်။ ကိုယ်နဲ့သူ အတူအိပ်ကြတိုင်း နီးကပ်နေတဲ့နှလုံးသားတွေကြောင့် သူမရိပ်မိသွားမှာကိုလည်း အင်မတန်စိုးရိမ်ခဲ့ရပါသေးတယ်။
မတော်တဆများ ကိုယ့်ကိုဖက်မိသွားတဲ့အခါ သွေးကြောထဲက သွေးတွေက ပြောင်းပြန်စီးဆင်းနေသလိုပဲ ထင်ရမိပါရဲ့။

အချစ်က ဒီလိုပဲ ပင်ပန်းရတာလားကွယ်။

"ဟဲ့ ထတော့လေ"

"ဟမ်....အင်း....."

မျက်လုံးတွေကိုပွတ်သပ်လိုက်ပြီး မျက်စိဖွင့်ဖွင့်ချင်း မျက်နှာချောချောကို မြင်လိုက်ရတာကြောင့် စိတ်အစဉ်ချမ်းမြေ့သွားရပေမယ့် ထချင်နေတာ့မဟုတ်။

ဒါပေမယ့်လည်း ခပ်မြန်မြန်ထလိုက်ပြီး ရေချိုးကာ အ၀တ်အစားလဲလိုက်သည်။

"အိမ်မှာဘယ်သူမှမရှိဘူးလား"

"အေး အဘွားတို့က ဘုန်းကြီးကျောင်းသွားတယ်"

"အော်"

"ငါထမင်းကြော်ထားတယ် စားလိုက်"

"အေးအေး နင်ပြန်တော့မှာလား"

"ဘာလဲပြန်စေချင်ပြီလား"

"မဟုတ်ပါဘူးဟ မေးကြည့်တာပါ"

"မပြန်သေးဘူးလေ နင်လဲတစ်ယောက်ထဲဆိုတော့....ညနေကျရင် ငါ့အိမ်ခနပြန်မယ် အ၀တ်အစား‌တွေ ပြန်ယူမလို့"

"ဒီညထပ်အိပ်မှာလား"

"အင်း"

ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး ထမင်းစားခန်းထဲ၀င်တော့ သူမပါလိုက်လာသည်။

"မွှေးနေတာပဲ"

"အရသာလဲရှိတယ် စားကြည့်"

"နင်ရော မစားဘူးလား"

"စားပြီးပြီ အဘွားတို့နဲ့အတူ"

"ငါ့တောင်မစောင့်ဘူး"

သူကလည်း သူ ကိုယ်ကလည်း လူ..တစ်မျိုး.../GIRL LOVE/Where stories live. Discover now