Chapter-7(Zawgyi)

23 1 0
                                    


"Shit!..အဲ့ဒါက Liu Yaowenနဲ့ Song Yaxuanမဟုတ်ဘူးလား"

"ဟုတ်လို့လား"

"သူတို့နှစ်ယောက်က variety showကို
အတူတူရိုက်နေကြတာ?"

"လွန်ခဲ့တဲ့နှစ်တွေတုန်းက လမ်းခွဲခံထားတာကို သူတို့နှစ်ယောက်ကအလုပ်အတူတူလုပ်တော့နေရမခက်ဘူးလား??ကြည့် သူတို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက် စကားမပြောကြဘူး"

"နင်က Companyထုတ်ပြန်ထားတဲ့သတင်းကိုလည်းယုံတာဘဲလား"

----------

Supermarketထဲမှာ ဈေးဝယ်ထွက်နေကြတဲ့
နှစ်ယောက်က သူတို့နှစ်ယောက်ဘေးမှာ
အတင်းတုတ်နေကြသည့်Passerbyတွေရဲ့စကားတွေကိုကြားနေရသည်။

Song Yaxuanက သူရဲ့အေးဆေးနေတဲ့မျက်နှာပေါ်မှာနှာခေါင်းပေါ်တဲ့အထိMaskကိုဆွဲချထား၏။
Song Yaxuanက ဘာကိုမျှမကြားသယောင် နှင်းဆီပန်းတစ်စည်းကိုလက်တွန်းလှည်းထဲကိုထည့်လိုက်တယ်။

Liu Yaowenက ခဏလောက်တွေးတောပြီးတော့
သူရဲ့လက်ကိုSong Yaxuanရဲ့ပုခုံးပေါ်တင်လိုက်၏။

ဘေးနားလေးမှ ပြောဆိုသံတွေကျယ်လာတဲ့အခါမှာ
Liu Yaowenက သူရဲ့လက်ကိုSong Yaxuanရဲ့ခေါင်းအားထိလိုက်ပြီး ဆံပင်တွေကိုပွတ်သပ်လိုက်၏။

Liu Yaowenရဲ့စိတ်ထဲက​​နေတွေးလိုက်တာက ငါးနှစ်ကြာသွားတော့ Song Yaxuanရဲ့ဆံပင်က နည်းနည်းပါးသွားပြီးတိုသွားတယ်။ဒါပေမယ့် သူကမနေနိုင်စွာဘဲ Song Yaxuanရဲ့ဆံပင်တွေကိုဖွနေလိုက်တယ်။

Liu Yaowenက Song Yaxuanရဲ့ဆံပင်တွေကို
ဖွရတာကိုအရမ်းစွဲလမ်းတာကြောင့် လက်ကိုဖယ်မသွားဘဲတောက်လျှောက်ပွတ်သတ်ကာ ဖွနေတော့တယ်။ဘေးနားလေးကအသံတွေက ပိုကျယ်လောက်လာပြီး Passerbyတွေကဖုန်းတွေထုတ်လာတဲ့အခါမှာတော့ Song YaxuanကLiu Yaowenကိုလှည့်ကြည့်လာတယ်။

"မင်းဘာလုပ်နေတာလဲ"

Liu Yaowenရဲ့မျက်နှာမှာ ဟန်ဆောင်ထားတာတွေမရှိသလို တစ်ယောက်ယောက်ရဲ့​မေးခွန်းကြောင့် အရူးလေးလိုကြောင်တောင်တောင်ဖြစ်သွားတယ်။သူက ရင်းနှီးနေတဲ့လူရဲ့အသံtoneကြောင့်မူးဝေသွားရပေမယ့် ရိုရိုသေသေပြန်ဖြေလိုက်တယ်။

"ဆံပင်တွေ ပွနေလို့"

Song Yaxuanက ဘာမှမပြောဘဲ
အသံတိတ်စိုက်ကြည့်နေပြီးမှ ပြန်လှည့်သွား၏။

坠欢重拾(Myanmar Translation)Where stories live. Discover now