Chapter-12(Zawgyi)

39 0 0
                                    

Liu Yaowenက သူညီနဲ့အတူအချိန်ခဏနေပြီးတော့မှပြန်လာခဲ့သည်။သူပြန်တော့မယ့်အခါမှာ Liu Jiahuanက သူကိုဖုန်းပြန်ပေးလိုက်ချင်ပေမယ့် သူကလက်မခံခဲ့ဘူး။

တံခါးကနေထွက်လာတော့ အေးစက်နေတဲ့လေအေးအေးကLiu Yaowenကို အနည်းငယ်သတိဝင်လာစေသည်။ခဏခဏတုန်ခါနေပေမယ့် ဂရုမစိုက်ခံရတဲ့ဖုန်းကိုထုတ်လိုက်ပြီး Wechatထဲကိုဝင်လိုက်သည်။Group Chatထဲမှာ Massage 200လောက်ရှိနေပေမယ့်Liu Yaowenကထိုစာတွေကိုမကြည့်ခဲ့ပါဘူး။

Ma Jiaqiနဲ့ Ding Chengxinကလည်းသီးသန့်စာတွေပို့ထားတာကိုမြင်ပေမယ့် Liu Yaowenကနံပါတ်တစ်ခုမှပို့ထားသည့်စာကိုမြင်တော့ ထိုစာတွေကိုလျစ်လျူလိုက်ပါသည်။Chatရဲ့အပေါ်ဆုံးမှာရှိနေသည့်Chat roomထဲကိုဝင်လိုက်တော့ Song Yauxanကသူကိုစာပို့ထားသည်။

[Song:Live broadcastကစတော့မယ်]

လွန်ခဲ့တဲ့မိနစ်နှစ်ဆယ်ကဖြစ်သည်။

Liu Yaowenကနာရီကိုကြည့်လိုက်တော့18:17ဖြစ်ပြီး Liveကစတင်နေပြီ။

Liu Yaowenက Liveကိုဖြစ်ဖြစ် ဒါမှမဟုတ်အခြားကိုဘဲဖြစ်ဖြစ်ဂရုမစိုက်နေပါဘူး။အခုအချိန်မှာတော့ သူကSong Yaxuanနဲ့ မျက်နှာချင်းဆိုင်ကာ သူကဘယ်တုန်းကမှSong Yaxuanနဲ့လမ်းခွဲဖို့စိတ်ကူးမရှိကြောင်းကိုသာပြောပြချင်ပါသည်။

[Boeing 767:ငါကိုစောင့် အခုချက်ချင်းပြန်လာနေပြီ]

Liu Yaowenက ကားမောင်းထွက်လာတဲ့အချိန်မှာ
အချိန်က6နာရီကျော်နေပြီမို့လို့ ယာဥ်ကြောပိတ်ဆို့မှုမှာဆိုးဝါးနေသည်။

Liu Yaowenက ထိန်းမနိုင်သိမ်းမနိုင်အောင်
ဒေါသထွက်နေပြီ။

Liu Yaowenက သူရဲ့လက်ချောင်းထိပ်တွေနဲ့Steering Wheelကို တစ်တောက်တောက်ခေါက်နေရင်းSong Yaxuanကိုတွေ့ချင်စိတ်ကိုထိန်းချုပ်နေရသည်။

Liu Yaowenက လုပ်ချင်တဲ့အရာကို
ချက်ချင်းလုပ်လိုက်ရမှကျေနပ်တဲ့လူဖြစ်သည်။

ကားအရှေ့ဘက်မှတန်းစီနေသည့်ကားပေါင်းများစွာကမလှုပ်ရှားတော့တာကို Liu Yaowenကမြင်လိုက်ပြီးနောက်မှာ သူရဲ့ဖုန်းကိုထုတ်ကာ သူတို့ရဲ့Liveဝင်ပေါက်ကိုသွားလိုက်ပြီး တိုက်ရိုက်ဝင်လိုက်သည်။

坠欢重拾(Myanmar Translation)Where stories live. Discover now