Chapter-14(Unicode)

83 3 0
                                    

ညတစ်ညပြီးမြောက်ပြီးတဲ့နောက်နေ့မနက်စောစောမှာ Song YaxuanကLiu Yaowenရဲ့လက်မောင်းမှနိုးထလာတယ်။

Song Yaxuanကအပူကိုအမြဲတမ်းကြောက်တယ်။

Liu Yaowenငယ်ငယ်တုန်းက Song Yaxuanကိုဖက်ပြီးအိပ်ရတာကိုအရမ်းကြိုက်တယ်။ဒါပေမယ့်အရင်တုန်းကပူအိုက်တာတွေက မနေ့ညမှပူအိုက်ကာရူးချင်စရာကောင်းသည့်အခြေအနေနှင့်မည်ကဲ့သို့မျှမယှဥ်နိုင်ဘူး။

Song Yaxuanကပူလွန်းလို့
သူ့ကိုယ်သူရေအရုပ်လို့တောင်ခံစားခဲ့ရသည်။

Liu Yaowenက အရမ်းကိုတင်းကြပ်လွန်းတယ်။

Song Yaxuanက သူခန္ဓာကိုယ်ပေါ်က
Liu Yaowenရဲ့လက်ကိုတွန့်ဆုတ်စွာနဲ့ဖယ်လိုက်ပြီး သူရဲ့ဖုန်းကိုကောက်ကိုင်လိုက်တယ်။ခက်ခက်ခဲခဲနဲ့ထထိုင်လိုက်ပြီးနောက်မှာ Song Yaxuanကတစ်စုံတစ်ခုကိုမျက်လုံးထောင့်ကနေလှမ်းမြင်လိုက်တယ်။

Song Yaxuanရဲ့တစ်ကိုယ်လုံးကတောင့်ခဲသွားသည်။

စတင်နေထိုင်သည့်နေ့ကတည်းကစပြီး
အခန်း၏ထောင့်မှာတိတ်တဆိတ်လုံ့လဝရိယရှိစွာနဲ့
အလုပ်လုပ်နေတဲ့အနက်ရောင်cameraတစ်လုံးရှိတယ်။

--------------

Song Yaxuanရဲ့ခေါင်းထဲမှာ သူရဲ့တုန်ရီနေတဲ့ခန္ဓာကိုယ်နဲ့အတူ သက်သောင့်သက်သာဖြစ်လှသောငြီးငြူသံတွေကတစ်ခုပြီးတစ်ခုပေါ်ပေါက်လာသည်။

ထိုအပြင်Liu Yaowen၏ဆွဲဆောင်မှုရှိသောမျက်နှာ..

Song Yaxuanက သူလက်ကောက်ဝတ်ကိုကြည့်လိုက်သည်။သူ့လက်ကောက်ဝတ်က ရောင်ကိုင်းနေတယ်။

မနေ့ညက ပူပူနွေးနွေးအရာတွေကို Cameraက
ရိုက်ထားသလားမရိုက်ထာသလားကိုတွေးကြည့်ဖို့အထိSong Yaxuanက မတုံးအသေးဘူး။

သူက Liu Yaowenကိုအခြားသူတွေထက်ပိုပြီးသိတယ်။

ဒီကမ္ဘာကြီးကို သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက
အစစ်အမှန်ပါလို့ချပြချင်တယ်။ဒါပေမယ့်တစ်ဖက်မှာတော့ သူတို့ကိုယ်သူတို့ကာကွယ်ဖို့ကပထမဦးစားပေးကိစ္စလေ။

သူတို့ထိုအရာကိုဖော်ပြတာက
အခြားသူတွေ သူတို့ကိုခြိမ်းခြောက်မှုတွေပြုလုပ်နိုင်အောင်ခွင့်ပြုဖို့မဟုတ်ဘူး။

坠欢重拾(Myanmar Translation)Onde as histórias ganham vida. Descobre agora