Chapter-15(Zawgyi)

26 0 0
                                    

"What the fuck"

He Junlinကမြက်ခင်းပြင်ထဲမှလှဲလျောင်းနေပေမယ့် တစ်ဖက်ကလူရဲ့စကားကြောင့်လန့်ဖြန့်သွားပြီး
လှဲလျောင်းနေတာကပုံစံပျက်သွားလေသည်။

Song Yaxuanက He Junlinနဲ့အတူမြက်ခင်း​ပြင်ပေါ်မှာလှဲလျောင်းနေပြီး သူရဲ့စကား၏အဓိပ္ပါယ်ကဘာများမှားယွင်းနေတာလဲဆိုတာကိုပြန်လည်စဉ်းစားနေသည်။

"ငါပြောတာက.."

Song Yaxuanရဲ့အသံကမပြောင်းမလဲတည်ငြိမ်နေသည်။

"ငါကLiu Yaowenကိုကြိုက်နေတုန်းဘဲ"

"မင်းLiu Yaowenကိုကြိုက်နေတုန်းဘဲဆိုတာကို ငါသိပါတယ် ငါမေးတာကအရင်တစ်ကြောင်း..
မင်းဘာပြောလိုက်တာလဲ"

"Oh! ​ငါPublicကိုထုတ်ပြချင်တယ်လို့ပြောတာလေ"

"ပြန်ပြောစမ်းပါ ဒီအဘွားကြီးရဲ့နားကကန်းသွားတယ်ထင်တယ်"

He Junlinက သူနဲ့နားရွက်နားကိုလက်နဲ့ခါလိုက်ပြီးတော့ သူခါလိုက်တဲ့အားကအနီးအနားမှာရှိတဲ့ယင်ကောင်ခုနစ်ကောင်လောက်ကိုသေစေနိုင်သည်။

Song Yaxuanက သူရဲ့မျက်ခုံးကိုပင့်တင်လိုက်ပြီး
He Junlinနားကပ်လာကာအော်ပြောလိုက်သည်။

"ဒါကမကောင်းဘူးနော်
မင်းဆေးရုံကိုသွားပြီးဆေးစစ်ကြည့်သင့်တယ်"

"သွားစမ်းပါ ငါကိုစကားလာမပြောနဲ့"

"ငါသေချာတယ် မင်းလက်ခံပါတယ်ဟုတ်တယ်မလား"

"မဟုတ်ဘူး"

He Junlinက Gameရဲ့ Public Screenပေါ်မှကျိန်ဆဲနေသည့်စကားတွေကိုလျစ်လျူလိုက်ပြီး ဖုန်းကိုမြက်ခင်းပြင်ပေါ်ကိုပစ်ချလိုက်သည်။

"ကိုကိုကြီး ငါမင်းကိုမေးပါရစေ
အချစ်ဦးနှောက်ဆိုတာကဘာလဲ? အခုလောကကြီးမှာပျံ့နှံကူးစက်ဆက်တတ်တဲ့ရောဂါအသစ်လား"

"သွားစမ်းပါ မင်းကလည်းဒီဟာတွေကိုပြောနေပြန်တဲ့လူတစ်ယောက်ဘဲ"

Song Yaxuanက He Junlinကိုခြေထောက်နဲ့ကန်လိုက်သည်။ထိုနောက်He Junlinကိုစိတ်ဆိုးနေတဲ့လေသံနဲ့ပြောလာ၏။

"ကျွတ်စ်!"

He Junlinက Song Yaxuanနားကပ်လိုက်သည်။

"အကိုကြီး မင်းစိတ်မမြန်နဲ့လေကွာ
ရုတ်တရက်ကြီးWeibo Postတစ်ခုတင်လိုက်တာရဲ့နောက်ဆက်တွဲတွေကို မင်းစဉ်းစားပြီးပြီလား
ဟမ် မင်းစဉ်းစားပြီးပြီလား"

坠欢重拾(Myanmar Translation)Where stories live. Discover now