hey..

993 73 16
                                    

Hey

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Hey..pink tulip for you.

မင်းအချစ်ကို ဘယ်လိုထိတွေ့ခဲ့လဲ..အဲ့မေးခွန်းကို မေးလာခဲ့တယ်ဆိုရင် ငါ့အဖြေက စကားမပြောတက်တဲ့ အမျိုးသားလေးလို့ ပြန်ဖြေမိမယ်ထင်တယ်။

ရိုးရှင်းတဲ့အရာတွေကို အမျိုးသားလေးက နှစ်ကြိုက်တယ်လေ။မြတ်နိုးခြင်းရဲ့အဓိပ္ပာယ်က မြောက်မြားစွာရှိပေမဲ့...ငါ့အတွက်အဓိပ္ပာယ်တစ်ခုပဲရှိတယ်။

အဲ့ဒါက အမျိုးသားလေးတဲ့~~

ကောင်းကင်ကြည်ပြာအောက်မှာ ငါတို့စတွေ့ခဲ့ကြတယ်။အေးချမ်းတဲ့အမျိုးသားလေးဟာ ခုံတန်းပန်းရောင်လေးထက်မှာ စာအုပ်လေးတစ်အုပ်ဖတ်ကာ တည်ကြည်ခန့်ညားနေသတဲ့။

ငါကတော့ ပေတိပေစုတ်ကလေးပေါ့...ကြက်တောင်စည်းနှစ်ဖက်နဲ့ ရှပ်အင်္ကျီအပွကြီးက ငါ့ကို ကြွက်စုတ်လိုမျိုး ဖြစ်စေတယ်လေ။

အမျိုးသားလေးကတော့ အပြာနုရောင်ဆွယ်တာလေးနဲ့လူကြီးဆန်နေခဲ့တယ်လေ။သိပ့်လှတဲ့ အရာတွေတောင် ငါ့အမျိုးသားလေးမမှီခဲ့ဘူးလေ။

သူရဲ့လက်သွယ်သွယ်နဲ့ စာရွက်ကလေးတွေလှန်တောင် ငါ့ရင်ဘက်က တစ်သိမ့်သိမ့်လှုပ်ရှားလာခဲ့တယ်။သူရဲ့အပြုံးလေးက မပီမပြင်နဲ့ဆိုပေမဲ့ တောက်ပတယ်လေ။

သူနဲ့ငါ အကြည့်ချင်ဆုံရင် ကြည်လင်နေတဲ့ အမျိုးသားလေးမျက်ဝန်းတွေက လက်ခနဲတောက်ပပုံက ကြယ်တာရာတန်းကြီးလိုပဲ။

သူရဲ့ ယုန်သွားဖြူဖြူက ငါ့အပြုံးတွေမြင်မှ တောက်ပတာလေ။သိပ့်ချစ်ဖို့ကောင်းတဲ့ ငါ့အမျိုးသားလေးကို အသဲယားလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ။

သူရဲ့အသံသာသာကို ငါမကြားဖူးပေမဲ့...သူရဲ့လက်ရေးလှလှတွေက ငါ့မူပိုင်ပေါ့။

Autumn's leaf(jinkook one short collection)Where stories live. Discover now