ရက်တွေကြာသွားသည်အထိ ဂျောင်ဂုတစ်ယောက် ဆော့ဂျင်နဲ့အဆက်အသွယ်မရပါ။ဆော့ဂျင်ကလည်း ကျောင်းလဲမလာသလို ဖုန်းဆက်လဲမကိုင်ပါ။အဲ့ယောက္ခမကင်မ်နမ်ဂျွန်းအဘိုးကြီးဝင်ရှုပ်လို့ဖြစ်တာ ယောက္ခမစုတ်!ယောက္ခမနာ!!!။
အဲ့ယောက္ခမဆိုတဲ့အဘိုးကြီးက သူလည်းငယ်ရာက ကြီးလာတာပဲ...လူငယ်တွေအကြောင်းအကုန်နားလည်မယ်ထင်ထားတာ။အခုတော့အတွေးနဲ့တခြားစီပဲ..လူကိုလည်းမတူသလိုမတန်သလိုနဲ့ ဒီယောက္ခမကြီးကို လုံးဝကိုမကြည်ပါ။
ပြက္ခဒိန်ကိုကြည့်လိုက်တော့ တနင်္ဂနွေနေ့ဖြစ်သည်။သူလည်း လူကြီးလူကောင်းဆန်မယ့်ဝတ်စုံတစ်စုံဝတ်လိုက်ပြီး မနေ့ကမှညှပ်ထားတဲ့ဆံပင်ကိုလည်း ပုံသွင်းလိုက်သည်။ဒါမှယောက္ခမကြီးနဲ့ တစ်ပုံစံတည်းဖြစ်သွားမှာ ဖြစ်သည်။
ယောက္ခမကြီးလည်း သဘောကျလောက်မှာပါ။ဆော့ဂျင်ကတော့ မောင့်ဆံနွယ်ရှည်တွေသဘောကျတယ်ပြောပေမဲ့ သူ့အဖေကင်မ်နမ်ဂျွန်းကမှ သဘောမကျပဲ။ယောက္ခမဆီက အမှတ်မရရင် ဆော့ဂျင်နဲ့အဝေးကြီးဝေးသွားလိမ့်မည်။
မှန်ကိုတစ်ချပ်ကြည့်ကာ ဆံပင်ကိုသပ်လိုက်ပြီး နက်ကတိုင်ကိုတစ်ချက်ပြင်လိုက်သည်။သာမန်မိသားစုကမွေးဖွားလာသည့်အတွက် suiteကောင်းကောင်းကိုတော့ သူလည်းမတက်နိုင်ပါ။သူကsuiteတွေဝယ်ထားရအောင်လည်း သူကကုမ္ပဏီဝန်ထမ်းတစ်ယောက်မဟုတ်ပေ။
ဖုန်းကိုတစ်ချက်ကောက်ကိုင်ကာ ဆော့ဂျင်ဟိုတစ်ခါကပေးထားသည့် သူတို့အိမ်ဖုန်းနံပါတ်ကို လှမ်းဆက်လိုက်သည်။အဓိက,ကတော့ ယောက္ခမကြီးစိတ်အခြေအနေကို မေးဖို့ဖြစ်သည်။ဖုန်းကဝင်နေပေမဲ့ လာတော့မကိုင်သေးပေ။