"မင်္ဂလာပါအန်ကယ်~~ကျွန်တော်ကဂျွန်ဂျောင်ဂုပါ"
အရှေ့ကလူငယ်ကို နမ်ဂျွန်းစူးစိုက်ကာကြည့်လိုက်သည်။ဝတ်ထားပုံက ဂျင်းပြဲဘောင်းဘီနဲ့တီရှပ်အဖြူနဲ့ဖြစ်သည်။ဆံပင်ပုံစံက အကောက်ကိုမှဖွာလန်ကျဲနေသည်။မျက်ခုံးမှာလည်း အပေါက်ဖောက်ထားပြီး နှုတ်ခမ်းလည်းဖောက်ထားသေးသည်။
တက်တူးဆိုတာ ညာဘက်လက်ကိုအပြည့်ဖြစ်သည်။မျက်ဝန်းအကြည့်တွေက သူနဲ့တန်းတူစူးရှနေသည်။ဒီကလေးက ဘာကြောင့်များ အခုလိုသူ့ကိုလာနှုတ်ဆက်သလဲ..သားငယ်ရဲ့သူငယ်ချင်းများလား။
"အင်း~~ဒါနဲ့ဘာကိစ္စရှိလို့လဲ"
"အန်ကယ်က စည်းစနစ်ကျပြီးရှေးရိုးဆန်တဲ့လူမှန်း ကျွန်တော်သိပါတယ်ဗျ...အခုကျွန်တော်လာတာက အန်ကယ်ရဲ့သားကင်မ်ဆော့ဂျင်နဲ့ ကျွန်တော့်ကို သဘောတူနိုင်မလားဆိုတာ သိချင်လို့ပါဗျ"
ဒီကောင်လေး ဘာတွေလာပြောနေတာပါလိမ့်။သားငယ်က နမ်ဂျွန်းကို ဒီအကြောင်းလုံးဝမပြောဖူးပါ။နမ်ဂျွန်းလည်း အရှေ့ကကောင်လေးကို အလေးနက်မထားသလို ကြည့်ပေးလိုက်သည်။
"ကျွန်တော့်တစ်ဘဝလုံးစာ အေးချမ်းဖို့အတွက် အန်ကယ်သားကို အလိုရှိပါတယ်..ဒါကြောင့် ဆော့ဂျင်ကို ကျွန်တော့်ဆီပေးနိုင်မလားဗျ"
"ဒါဆိုရင် ကံမကောင်းဘူးပဲပြောရလိမ့်မယ်ကောင်လေးရေ~~မင်းကို ငါ့သားနဲ့သေတဲ့ထိ သဘောမတူနိုင်ပါဘူးကွယ်"
"အန်ကယ်ဘာလို့အဲ့လောက်တောင် အမြင်ကျဉ်းရတာလဲ~~ကျွန်တော်က လူသားတစ်ယောက်ပါပဲ ဘာလို့သဘောမတူနိုင်ရတာလဲ"
"ဟက်~~ဒီမယ်ကောင်လေး မင်းရဲ့အခြေမြစ်မရှိတဲ့စကားတွေကို ပြန်ရုတ်သိမ်းပြီး ငါ့အိမ်ထဲကထွက်သွားတော့!"
"အန်ကယ်ကြည့်နေပါ!!ကင်မ်နမ်ဂျွန်းဆိုတဲ့ ခဗျားကြီး ကျွန်တော့်ယောက္ခမဖြစ်လာစေရမယ်!!"
"ဆုတောင်းနေလိုက်ပါကောင်လေးရေ!"
ဂျွန်ဂျောင်ဂုဆိုတဲ့ကောင်လေးဟာ ဆိုဖာကို ခပ်ပြင်းပြင်းတစ်ချက်ရိုက်ကာ ထွက်သွားတော့သည်။လူငယ်တစ်ယောက်ရဲ့အခြေမြစ်မရှိ ကြုံးဝါးသံကို ကင်မ်နမ်ဂျွန်းတို့က အာရုံထဲကို မထည့်ပါ။အပေါ်ထပ်ကနေ ပြေးဆင်းလာသည့်သားတော်မောင်ကို တစ်ချက်ကြည့်ကာ အနားခေါ်လိုက်သည်။
![](https://img.wattpad.com/cover/327971516-288-k699504.jpg)