ခွမ်း!!!ဒုန်း!!!
အလှပန်းအိုးေတွကိုဒေါသတကြီးချခွဲပစ်ကာ စားပွဲကိုဒေါသတကြီးလှန်ချလိုက်သည့် ဂျောင်ဂုဟာ ဒေါသကြောင့် နထင်းကြောတွင်ထောင်နေကာ မျက်ဝန်းတွေကလည်း နီရဲနေသည်။ညာဘက်လက်တစ်ဖက်ရှိ တက်တူးများကြောင့် သူ့ပုံစံဟာ ပို၍ပင်ရှိန်ချင်စရာကောင်းလှသည်။ဒီပုံစံဟာ အခြားသူတွေအတွက်ကြောက်စရာဆိုပေမဲ့ ဆော့ဂျင်ကတော့ ပြုံး၍သာကြည့်သည်။
"ကင်မ်ဆော့ဂျင်!!!ခဗျားကြောင့် ကျုပ်သေသွားရင်ဘယ်လိုလုပ်မလဲ!!!တခါလောက်ပဲ စောက်ရူးလိုမလုပ် ကျုပ်ကိုနားလည်ပေးစမ်းပါ!!"
"ဟက်!"
"ရယ်တယ်!ခဗျားက ရယ်တယ်ပေါ့!!!ကျုပ်ဆိုင်ကယ်ပြိုင်ပွဲရှိရက်နဲ့ ဆိုင်ကယ် ဘရိတ်ကြိုးဘာကြောင့်ဖြတ်တာလဲ!!!ခဗျားက တကယ်ပဲကျုပ်ကို သေစေချင်တာလား!!"
"ဟက်!"
"ဟာကွာ တောက်ခ်!!ကင်မ်ဆော့ဂျင်!!!"
ခွပ်!!
စပ်ဖျင်းဖျင်းဖြစ်သွားတဲ့ပါးပြင်ကို တစ်ချက်ပွတ်ရင် ဆော့ဂျင်က ဂျောင်ဂုကို ပြန်ထိုးသည်။သူမသာ ကိုယ်မသာတွေမို့ တခွပ်ခွပ်နဲ့ထိုးနေကြသည်မှာ ဘေးလူတွေအမြင်မှာ ရန်သူတွေလိုဖြစ်သည်။ဒါပေမဲ့ သူတို့ဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေသာဖြစ်သည်။
"မင်းတို့တော်ကြတော့ကွာ!!!ဒါမှမဟုတ် လမ်းခွဲလိုက်ကြ"
"ဟင့်အင်း မခွဲဘူးနော်!!မောင့်"
"အချစ်!"
ဆံပင်တွေကိုဆွဲဖွကာ နမ်ဂျွန်းက သက်ပြင်းသာချသည်။ခုနတုန်းက တစ်ယောက်နဲ့တစ်ယောက် အသေအကျေထိုးနေကြသည့် သူများမဟုတ်သလိုပင် ပူးကပ်ကာ ဖက်ထားကြပြန်သည်။နမ်ဂျွန်း သူ့သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်သူဆက်ဆံရေးကို တကယ်ပင်နားမလည်ပါ။အရမ်းချစ်ကြပြန်တော့သူတို့ပင်နှစ်ယောက်မရှိ ရန်ဖြစ်ကြတော့လည်း သရဲဘီလူးစီးသလို အသေသတ်ကြသည်။
"အချစ်က မောင်ကို ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပါဘူး...မောင်က အချစ်နဲ့ချိန်းထားတာကို ဖြတ်လိုက်တာကို အဲ့ဒါကြောင့်စိတ်ဆိုးပြီးလုပ်လိုက်မိတာ"