Part 4

3.3K 538 24
                                    

"အစ်ကိုလေး။ညစာဆင်းစားဖို့ သူဌေးက
မှာလိုက်ပါတယ်"

အားချူး၏ အသံက အပြင်ဘက်မှ တိုးညှင်းစွာ
ထွက်ပေါ်လာသည်။ညစာ စားချင်စိတ်လည်း
ရိပေါ်မှာ မရှိနေ။

"အားချူး။ခဏ ဝင်ခဲ့ပါဦး"

အားချူးက ခြေသံဖွဖွနှင့် ချက်ချင်း ဝင်ရောက်
လာခဲ့သည်။ရိပေါ် သူ့နံဘေးမှာထိုင်ဖို့ ခုတင်ကို
ပုတ်ပြပေမဲ့လို့ အားချူးက စက်ရုပ်ကြီး
အတိုင်းပင် မလှုပ်မယှက်။

ရိပေါ် ဟက်ခနဲ ရယ်လိုက်မိ၏။ဒီမှာ ပုံမှန်
ဖြစ်တာဆိုလို့ အမိန့်နာခံလွန်းသော အားချူးသာ
ရှိသည်။

"ကျွန်တော် မေးစရာရှိလို့"

"ထမင်းစားပြီးမှ မေးပါ အစ်ကိုလေး။သူဌေးက
စောင့်နေ..."

"ကျစ်!ခဏလေးပဲ မေးမှာပါဗျာ"

ငြိမ်သွားသော အားချူးက သူ့စကားကို
သဘောတူ လိုက်ပုံရ၏။ရိပေါ် မေးခွန်းကို
စောင့်စားနေတာမို့

"ကျွန်တော် မာမီနဲ့ တွေ့ချင်လို့။အဲ့တာ
တွေ့လို့ရမလား?"

ကိုယ့်အပေါ် အထူးအဆန်းလို မမြင်အောင် ရိပေါ်
သိသလိုလို၊တတ်သလိုလိုနှင့် ကောက်မေးချ
လိုက်၏။အားချူးက ရိပေါ်ကို တအံ့တဩ ကြည့်‌ရင်းမှ

"ဘာတွေမေးနေတာလဲ အစ်ကိုလေး"

"ကျွန်တော့်မာမီ ဘယ်မှာလဲလို့။ကျွန်တော်
‌သွားတွေ့ချင်လို့"

ရုပ်ရှင်ထဲမှာ ရှောင်းကျန့်၏ ဇနီးအကြောင်း
တစ်စွန်းတစ်စပင် မပါတာ ရိပေါ်သိသည်။
အခုလည်း သူ ထိုအကြောင်း မသိရသေးတာမို့
အားချူးကို သူမ ဘယ်မှာနေလဲ မေးမိခြင်း။
ဒီမှာ ဆက်နေရဉီးမယ်ဆိုရှောင်းကျန့်၏ Character ကို နားလည်ဖို့ လိုအပ်သည်။
ပြီးတော့ သူ့ဘဝ အကြောင်းရောပင်။

အားချူးတို့ဆီကနေ မေးမယ်ဆိုရင် သူ့ကို
ရူးသွားပြီထင်ကာ ဝိုင်းရိုက်နေဦးမည်။
အဲ့အစား အမေဖြစ်သူထံမှ သူတို့ ဇာတ်လမ်းလေးတွေကို ပြောပြခိုင်းရမည်။

"အစ်ကိုလေးမှာ အမေမှ မရှိတာ"

"ဟားဟား...အားချူးကတော့ နောက်ပြီ။
ကျွန်တော်က လေဥ ဥပြီး မွေးထားတာမှ
မဟုတ်တာဗျ"

Blaming my Idol(Completed)Where stories live. Discover now