"မင်း ဘာဖြစ်ချင်နေတာလဲ ဝမ်ရိပေါ်"
ရှောင်းကျန့်က လေသံအေးအေးနှင့် အားလုံးကို
အလျော့ပေးလိုက်သလိုမျိုး မေးလာသည်။
ရိပေါ်အား ငေးနေသော ထိုမျက်ဝန်းတို့မှာ
ထိန်းချုပ်ထားချင်သည့် အရိပ်အယောင်တွေ
မရှိတော့ပေ။"အမှန်တရားကို သိချင်တာ"
"သိရင် ဘာပြောင်းလဲမှာလဲ။ပြောင်းလဲမယ်
ထင်တာကို ပြောကြည့်""ရှောင်းကျန့်။သေသွားရတာ ကျွန်တော့်
မိသားစုနော်။ဒါတောင် ကျွန်တော်မသိလည်း
ရတဲ့ပုံစံမျိုး ပြောနေတာလား"ရှောင်းကျန့်၏ စားပွဲကိုလက်နှင့် ရိုက်လိုက်သည့်
အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဒေါသနှင့် ရိပေါ်ကို အံကြိတ်လို့ ကြည့်လာသူသည် သူ ပြုသည့်အတိုင်း မနေပေးလို့များလား။"မင်းမိဘတွေကို ဘယ်သူသတ်လဲ ငါမသိဘူး။
ငါကလည်း ကိုယ့်ကျေးဇူးရှင်ကိုယ် ပြန်သတ်
ရလောက်တဲ့အထိ မရိုင်းဘူး။မင်းမျက်လုံးထဲမှာ
စည်းစိမ်တွေအကုန် အပိုင်လိုချင်လို့ မင်းမိဘတွေ အကြောင်း ဝှက်ထားတယ် ထင်နေရင်လည်း
အဲ့လို ထင်ပိုင်ခွင့်ရှိတယ် ဝမ်ရိပေါ်။ငါ့ကိုတော့
အဲ့ကိစ္စနဲ့ပတ်သတ်ပြီး အစလာမဖော်နဲ့တော့!!"ခြေဆောင့်ကာ ထွက်သွားသည့် ရှောင်းကျန့်၏
ကျောပြင်ကိုကြည့်ကာ ရိပေါ် ဒေါသ
ထွက်လာသည်။အစကတော့ ရှောင်းကျန့်က
တစ်ကယ်ပဲ လူသတ်သမားလားဆိုတာ သိချင်
ရုံပင်။သေဆုံးသူတွေက သူ့ မိဘအရင်းတွေ မဟုတ်တာမို့ စိတ်ထဲ သိပ်မရှိခဲ့။တဖြည်းဖြည်းနှင့် ဖုံးကွယ်တာတွေ များလာသည့်
ရှောင်းကျန့်၏ ပုံစံကိုကြည့်ပြီး အရင်ဝမ်ရိပေါ်
အစား ရင်နာရသည်။ထိုသူကို ကိုယ်ချင်းစာ
ကြည့်တိုင်း လက်တွေ့ခံစားနေသလိုမျိုး ရိပေါ်
ထိန်းချုပ်ရာ မဲ့သွားတတ်၏။ဤခံစားချက်များကို ရင်းနှီးကျွမ်းဝင်နေသည့်နှယ် သူ့နှလုံးသားသည် တဆစ်ဆစ်နာကျင်လျှက်။ဘာပဲဖြစ်ဖြစ် သူကတော့ ရှောင်းကျန့် ဘယ်လို
လူမျိုးလဲဆိုတာ ရအောင်စုံစမ်းမှာပင်။_____________________
"ရိပေါ်။ဒီနေ့ မြို့ပြင်မှာ ဘောလုံးသွားကန်ရအောင်"