Love started by those glasses 3

609 69 18
                                    


"အင့်"

အခန်းကအလုံဖြစ်သည့်အပြင် ခန်းစီးဖြူဖြူတွေပါတပ်ထားတာကြောင့် နေ့မှန်းမသိညမှန်းမသိ ဘယ်အချိန်ရောက်သွားသလဲသတိမထားမိအောင် ဂျေးကိုပဲငေးကြည့်နေခဲ့တဲ့ဆောင်ဟွန်းက ဂျေးရဲ့အင့်ခနဲအသံပိစိလေးနှင့်အတူ တလှုပ်လှုပ်ဖြစ်လာတဲ့လက်ကလေးတွေ မျက်တောင်လေးတွေကိုမြင်မှ အသိပြန်ဝင်လာတော့တယ်။

ဆောင့်တက်လာတဲ့နှလုံးခုန်သံအပြင် လူကပါရုတ်တရက်လန့်သွားတာမလို့ အလျင်အမြန်ခေါင်းအုံးဆွဲလို့ ကော်ဇောပွပွပေါ်အိပ်ဖို့ပြင်လိုက်ရာ စိတ်သွားတိုင်းမလိုက်နိုင်တဲ့ ခန္ဓာကိုယ်က ဂျေးကုတင်စောင်းနဲ့တိုက်မိတာ ဒုန်းခနဲ။

"အာ့" ပူထူသွားတဲ့မေးစေ့ကိုအုပ်ကိုင်လို့ ခပ်တိုးတိုးငြီးမိတော့ အခုမှအိပ်ယာနိုးလာတဲ့ဂျေးကအလန့်တကြားထလာတယ်။

"ဘာဖြစ်တာလဲ"

ကုတင်ပေါ်ကဂျေးကို ကုတင်အောက်ကနေမော့ကြည့်လို့ ဆောင်ဟွန်းကမေးစေ့ကိုအုပ်ထားပီး ခေါင်းခါတယ်။

"ခိုက်မိသွားတာလား ငါ့ကိုပြ"

ဂျေးကဆောင်ဟွန်းရဲ့မေးစေ့ပေါ်ကလက်ကိုအတင်းဆွဲခွာတော့ ဒဏ်ရာရထားတဲ့မေးစေ့ကပေါ်လာတယ်။

"ဆောင်ဟွန်း မင်းမေးစေ့ကွဲသွားတယ်။ခနလေး"

အလျင်အမြန်ပဲကုတင်ပေါ်ကမတ်တပ်ရပ်လို့ ခေါင်းရင်းဗီရိုထဲက ဆေး​သေတ္တာကိုထုတ်ယူပီး ဆောင်ဟွန်းဘေးလာထိုင်တဲ့ဂျေး။ဆောင်ဟွန်းကကိုယ့်လက်ကိုပြန်ငုံ့ကြည့်မိတော့ ကပ်ပါလာတဲ့သွေးစအနည်းငယ်။

"ဒီလောက်ကပါးမွှားလေးပါ"

"ရိုးရိုးဒဏ်ရာမဟုတ်ဘူး မေးကွဲသွားတာ။ခေါင်းမမာစမ်းနဲ့"

ဆေးသေတ္တာကိုဖွင့်ပီး ဝါဂွမ်းအနည်းငယ်ကိုယူကာ အရက်ပြန်နဲနဲလောင်းလိုက်တယ်။လက်တစ်ဖက်ကဆောင်ဟွန်းပါးရိုးကိုထိန်းကိုင်လို့ခေါင်းမော့စေပီး လက်တစ်ဖက်က သန့်ရှင်းရေးလုပ်ပေးနေကာ စပ်သွားမှာစိုးသည့်ဟန် လေတဖူးဖူးလဲမှုတ်ပေးနေသေးတယ်။

လေမှုတ်လိုက်တိုင်း ချွန်ချွန်ထွက်လာတဲ့နှုတ်ခမ်းအစုံကိုလိုက်ငမ်းနေမိတာကြောင့် ဆောင်ဟွန်းကဒဏ်ရာဆီကစပ်လို့စပ်နေမှန်းတောင်မသိ။နီးကပ်လွန်းတဲ့ဂျေးနဲ့သူ့ရဲ့အကွာအဝေးကြားထဲမှာ နှင်းဆီနံ့သင်းသင်းလေးကပျံ့လွင့်လို့။

Love started by those glassesWhere stories live. Discover now