Love started by those glasses 5

732 61 12
                                    

"ချမ်းလား"

ဘတ်စ်ကားဂိတ်မှာမိုးခိုလို့အချိန်ပိုင်းအလုပ်ပြန်သွားရန် ကားစောင့်ရင်းဂျေးမေးလာသည့်အမေးကိုဆောင်ဟွန်းပြုံးရင်းခေါင်းခါပြသည်။မိုးကအရမ်းမသည်းတော့ပေမယ့် ဖွဲဖွဲရွာနေဆဲဖြစ်တာကြောင့် ရာသီဥတုကတစိမ့်စိမ့်အေးနေပီး တကိုယ်လုံးမိုးရေစိုရွှဲနေတဲ့သူတို့အတွက်မချမ်းဘူးဆိုတာဘယ်လိုမှမဖြစ်နိုင်။

"မင်းအလုပ်လုပ်ရင် ရေစိုနေတဲ့အဝတ်တွေနဲ့ဘယ်လိုလုပ်မလဲ"

"အလုပ်သမားဝတ်စုံရှိရင်အဲ့တာပြောင်းဝတ်လိုက်မယ်။မင်းကရော"

"ငါက နီကိုးလ်အဝတ်ငှားဝတ်လိုက်မယ်။အခုဝတ်ထားတဲ့အပေါ်ဝတ်ကလဲ သူ့အင်္ကျီဆိုပေမယ့်"

"အိမ်မပြန်တော့ဘူးလား"

"ဟင့်အင်း ပြန်မလာဖြစ်တဲ့အကြောင်းပြောပီးသွားပီ"

"မင်းဆိုင်ကယ်ကြီးကရော"

"ကျောင်းပါကင်ထဲမှာပဲ။အမိုးအောက်မှာဆိုတော့အဆင်ပြေမှာပါ။မိုးထဲရေထဲတော့ဆိုင်ကယ်မမောင်းချင်တော့လို့"

စကားစမြည်ပြောနေတုန်း ဆောင်ဟွန်းဆီနီကိုးလ်ရဲ့ဖုန်းဝင်လာသည်။

"ဟယ်လို"

"အေးဆောင်ဟွန်း ဂျေးကိုပြောလိုက်စမ်းပါအလုပ်ပြန်မလာနဲ့တော့လို့။ဂျီအာကညဆိုင်းဆင်းလိုက်မယ်တဲ့။ငါခနကူပေးပီးအိမ်ပြန်လိုက်မယ်။မင်းတို့ကမိုးမိထားကြမှာဆိုတော့ အိမ်ပဲပြန်လိုက်ကြတော့"

"အင်း ကျေးဇူးပဲ။ဂရုစိုက်အုန်း"

နီကိုးလ်နဲ့ဖုန်းပြောပီးဂျေးကိုအကျိုးအကြောင်းပြောပြလိုက်တယ်။

"အဲ့လိုလား။အဆင်ပြေသွားတာပေါ့ မိုးလဲမိထားတာဆိုတော့အိမ်တန်းပြန်တာပိုကောင်းမယ်။မင်းကတော့..."

သူ့အိမ်သူပြန်ဖို့အစီအစဉ်မရှိဘူးဆိုသည့်ဆောင်ဟွန်းကိုကြည့်တော့ သူ့ကိုမျက်လုံးမှိတ်တုတ်မှိတ်တုတ်လုပ်ပြနေသည်။

"ငါ့အခန်းဆီပဲလိုက်ခဲ့တော့ပေါ့"

"အင်းအင်းလိုက်ခဲ့မယ်"

Love started by those glassesWhere stories live. Discover now