Love started by those glasses 7

742 69 6
                                    

ပိတ်ရက်တွေမှာရာသီဥတုကသိသိသာသာပိုပိုအေးလာတာကြောင့် အအေးကြောက်တတ်တဲ့ဂျေးအတွက် padding jacketထူထူတစ်ထည်လောက်ဝယ်ပေးဖို့ဆောင်ဟွန်းကတွေးမိတယ်။ဂျေးရဲ့ကော်ဖီဆိုင်ကအချိန်ပိုင်းအလုပ်ပီးတာနဲ့ ဆောင်ဟွန်းကသွားကြိုပီး သူတို့အခန်းအတွက်လိုအပ်တာတွေသွားဝယ်ဖို့ချိန်းထားတာကြောင့် ဆောင်ဟွန်းက ခြံဝန်းထဲကကားတစ်စီးမောင်းထွက်လာခဲ့တယ်။ကားယူလာသည့်အကြောင်းက အအေးကြောက်တတ်တဲ့ချစ်ရသူကို ဆိုင်ကယ်လေမတိုးစေချင်တာကြောင့်ပါလေ။

"အရင်နေ့တွေကမတွေ့မိဘူးနော်။အချိန်ပိုင်းအလုပ်သမားအသစ်ထင်တယ်။တစ်ယောက်ယောက်ကိုစောင့်နေတာလား။လိုက်ပို့ပေးရမလား"

"မလိုပါဘူး ကျွန်တော့်သူငယ်ချင်းလာခေါ်မှာ"

ကားကိုလမ်းဘေးထိုးရပ်လိုက်တော့ ဆိုင်ရှေ့မှာရပ်စောင့်နေတဲ့ဂျေးရယ် ဂျေးဘေးကိုအတင်းကပ်လို့စကားပြောနေတဲ့ကောင်မလေးတစ်ယောက်ရယ်။ ဆောင်ဟွန်းက မျက်ခုံးတွေတွန့်ချိုးကို ကားပေါ်ကဆင်းပီးဂျေးကိုလက်များဝှေ့ယမ်းကာ ကျယ်ကျယ်အော်ခေါ်တယ်။

"ဂျေး!!!ငါဒီမှာ"

"လာပီ!! ဒါဆိုသွားလိုက်ပါအုန်းမယ်"

ဂျေးကဘေးကကောင်မလေးကို ခါးကိုင်းနှုတ်ဆက်ပီးဆောင်ဟွန်းရှိရာအပြေးလေးလာတယ်။ဆောင်ဟွန်းက ဂျေးအတွက်အသင့်ယူလာတဲ့မာဖလာဖြူဖြူလေးပတ်ပေးပီးတော့ ကားတံခါးပါအဆင်သင့်ဖွင့်ပေးတယ်။

"ဂျေး မင်းကိုစကားလာပြောတာဘယ်သူလဲ"

"customerတစ်ယောက်ပါပဲ။အရေးမကြီးဘူး မြန်မြန်သွားရအောင်လေ"

ပတ်ဂျေးကသိပ်ကိုအန္တရာယ်များတယ်ဆိုတာဆောင်ဟွန်းညာတာမဟုတ်ဘူး။ဘယ်နေရာရောက်ရောက်လူစိတ်ဝင်စားခံရလွန်းလို့ ဆောင်ဟွန်းမှာတစ်ယောက်ထဲအူတိုရတာလဲအခါခါ။ဟေဇယ်ရောင်မျင်ဝန်းညိုညိုတွေပိုင်ရှင်ကို ဆောင်ဟွန်းတော့ဖြင့်အိတ်ကပ်လေးထဲဖွက်ထားချင်တော့တာပဲ။

~~~

"ကိုကိုတို့ကလဲကြာလိုက်တာ"

အထုတ်ကြီးငယ်တွေဆွဲလို့ အိမ်ပြန်ရောက်လာတဲ့ဆောင်ဟွန်းတို့ကို ဟာအွန်းလေးကအပြေးကြိုလို့ ဆောင့်အောင့်ကာဆိုတယ်။

Love started by those glassesWhere stories live. Discover now