Love started by those glasses 11

608 64 8
                                    

"ဂျေး"

"အင့်"

"တိတ်တော့ဆို"

အတော်ကြာတဲ့ထိ အငိုမတိတ်တဲ့ဂျေးက ဆောင်ဟွန်းကိုဖက်ထားတာကိုလွှတ်မပေးသေး။

"ငါ့အင်္ကျီတွေစိုရွှဲကုန်ပီလို့"

"ပတ်ဆောင်ဟွန်း"

"ဗျာ~~"

"ငြိမ်ငြိမ်နေ"

ဂျေးရဲ့ဆူအောင့်အောင့်ဆူသံကြောင့် ဆောင်ဟွန်းကပါမျက်ရည်တွေကြားထဲက ပြုံးမိသွားသေးတယ်။ပတ်ဂျေး အတော်ချစ်ဖို့ကောင်းတာ။

"ငါတို့ကားထဲအရင်သွားကြမလား"

တလှုပ်လှုပ်နဲ့ ငြိမ့်ပြလာတဲ့ခေါင်းလေးကို ဖွဖွပုတ်လို့ ဆောင်ဟွန်းကဂျေးလက်ကလေးကိုဆွဲခေါ်ပီး ကားရှိရာဆီပြန်တယ်။မျက်နှာကိုအတင်းငုံ့ထားပီး ကိုယ်လုံးလေးကတသိမ့်သိမ့်တုန်နေဆဲဖြစ်တဲ့ဂျေးကို ဆောင်ဟွန်းကအူတယားယား။တော်သေးတယ် သူကားကိုလူရှင်းတဲ့နေရာမှာရပ်ခဲ့တာမလို့။

ကားတံခါးကိုဖွင့်ပေးတော့ လိမ်လိမ်မာမာလေးဝင်ထိုင်လေတယ်။ဆောင်ဟွန်းက ပြုံးနေတာမရပ်နိုင်။မောင်းသူခုံဘက်ဝင်ထိုင်ပီး ဂျေးကိုလှည့်ကြည့်တော့ ထိုင်နေတာကျုံ့ကျုံ့ကလေး။နှာတရှုံ့ရှုံ့နဲ့နီတာရဲလေးက ဆောင်ဟွန်းမျက်စိထဲ အလွန့်အလွန်ချစ်စရာ။

ကားထဲအသင့်ရှိတဲ့ တစ်သျှူးထုတ်ကနေ တစ်ရွက်ဆွဲထုတ်လို့ ဆောင်ဟွန်းက ကိုယ်ကိုဂျေးနားထိရောက်အောင်ကိုင်းချလိုက်တယ်။ငုံ့နေတဲ့ခေါင်းလေးကို ခေါင်းနိမ့်လို့ အသာမော့ကြည့်မိတော့ ခုထိမျက်ရည်စလေးတွေဝေ့နေတုန်း။ဆောင်ဟွန်းက အသာလေးမျက်ရည်တို့ကိုသုတ်ပေးတယ်။

"မျက်ကပ်မှန်တပ်ထားတာကို ဒီလောက်ထိငိုနေတော့ဘယ်လိုလုပ်မလဲ မင်းမျက်လုံးတွေမနာဘူးလား"

ဂျေးကခေါင်းခါပြတယ်။ရှိုက်သံကလွဲလို့ ဂျေးမှာတခြားအသံထွက်မလာ။အငိုတိတ်ခါစအခြေအနေမလို့ ဂျေးကစကားမပြောချင်သေးပါလေ။

"မျက်ကပ်မှန်ချွတ်ထားမလား မျက်မှန်လဲဝတ်ထားလေ"

စကားနားထောင်တဲ့ ကြောင်ပေါက်လေးက စက္ကန့်တောင်မခြားပဲ မျက်ကပ်မှန်လေးချွတ်လို့ဗူးထဲထည့်သိမ်းတယ်။ပီးတော့ ဆောင်ဟွန်းဝယ်ပေးထားတဲ့ ငွေရောင်မျက်မှန်ကိုင်းလေးကို တပ်လိုက်တယ်။

Love started by those glassesWhere stories live. Discover now