Part 1

69 1 0
                                    

" သခင်ကြီး.. ကလေးကိုဘယ်လိုလုပ်မှာလဲ"
" အဟွန်း သေသွားရင်ကောင်းမယ် ။ဒါပေမဲ့ငါ့သွေးကပါနေတော့ မသတ်နဲ့ မိဘမဲ့ဂေဟာပို့လိုက်။ ဟော့ဒီ ryme အိမ်တော်ထဲ ဘယ်တော့မှရောက်မလာစေနဲ့ "

Ryme စံအိမ်ရဲ့သခင်ရဲ့ အိပ်ခန်းနောက်က လျို့ဝှက်အခန်းထဲမှာ လူယုံတစ်ယောက်နဲ့စကားပြောနေတဲ့ သခင်ကြီး Cassi Ryme ..
"တောက်.. ကျွန်ကများငါ့သမီးကိုကြံရဲတယ် ။ Maya ရေ မင်းမွေးစားခဲ့တဲ့ကောင်က သခင့်လက်ကိုပြန်ကိုက်တဲ့ခွေးမျိုးပဲကွ ။ ဒီကလေးမကို ငါ့သွေးသားအဖြစ်မသတ်မှတ်နိုင်ဘူး။  ဟန်သက်... "
လူယုံဟန်သက်မှာ ကလေးလေးကိုသနားသော်လည်း သခင့်ဒေါသကိူကြောက်ရသည်မို့ ဒီလိုအခြေအနေရောက်တော့မည်ကို ကြိုတွေးပြီးသားဖြစ်သည် ။
" ဟုတ်ကဲ့ သခင်ကြီးသဘောအတိုင်းဖြစ်စေရပါမယ် "
"ထွက်သွားစမ်း.. ငါပို့ခိုင်းတယ်လို့သတင်းထွက်လာရင် မင်းရောမင်းမိသားစုရော ခေါင်းအပြတ်ပဲ"
"ဟုတ်ကဲ့ "
"အင်း..မင်းကိုဒါတွေသဘောကျတာ ဟားဟား"
(ခွမ်း)
mr. Cassi အပြင်မှာတစ်ယောက်ယောက်ရှိနေပြီဆိုတာသိလိုက်သည်။
"ဟေ့ အပြင်ကအကောင် လာစမ်း"
ဟန်သက်က သခင့်ကိုကြည့်ပြီး ဒူးများပင်တုန်လာပြီ။သခင် Cassi ဒီလောက်ဒေါသထွက်တာမမြင်ဖူးပါ။ အပြင်ကတစ်ယောက်တော့ သွားပြီဟု စိတ်ထဲမှပြောနေလေသည်။ ဟန်သက်မှာအရပ်ခြောက်ပေကျော် ပြီးမျက်နှာမှာဓားခုတ်အမာရွတ် နဲ့ ဖွံ့ထွားလွန်းသော body နှင့် စူးရှသောမျက်လုံးများကြောင့် လူကြမ်းကြီးဆိုတာ မပြောလည်းသိနိုင်သည်။ ဟန်သက်ရဲ့ အတွင်းစိတ်က သနားတတ်တာကိုတော့ ဘယ်သူမှမသိကြပါ။

mr.cassi မှာ ဒေါသကြောင့် ဖြူသောမျက်နှာပင်ရဲတွတ်နေလေပြီ။
" မင်းတံခါးပေါက်ကိုသေချာပြန်မပိတ်ဘူးလားဟန်သက်"
ဒေါသထွက်နေသော်လည်းလေအေးဖြင့်မေးနေသော သခင်ကြီး cassi ryme က အတုမရှိသော mafia ခေါင်းဆောင်ပင်။
"ကျွန်တော် သေချာပြန်ပိတ်ခဲ့တာပါ သခင်ကြီး ။"
mr. cassi ထပြီးသွားကြည့်လိုက်သည် ။

woof woof..
mr.cassi ပြုံးယောင်သမ်းသောမျက်နှာနှင့်
" အော်...  max မင်းကိုး ။ ငါ့ကောင်ကြီးဗိုက်ဆာပြီထင်တယ် ။ငါ့အခန်းထဲက ကြွေအိုးတောင်ကွဲအောင် ဘယ်လောက်ပတ်ပြေးနေလဲမသိဘူး "
max ဆိုတာ mr cassi ရဲ့အချစ်တော် Husky ခွေးကြီးဖြစ်သည်။
"max က ဗိုက်ဆာလို့ထင်ပါတယ်သခင်ကြီး ။စားဖိုဆောင်ထဲခေါ်သွားလိုက်ပါ့မယ် "
( ဟူး...တော်ပါသေးရဲ့  လူသာဆို ငါလက့်သွေးစွန်းဦးမယ်)
ps.( ) ဒါလေးကစိတ်ထဲကတွေးနေပါနော် ။

Taya ရဲ့ အရောင်လေး Where stories live. Discover now