part 3

22 2 0
                                    

18 years later...

'Color...color  ..'
Maha သမီးနာမည်ကိုခေါ်ရင်း ထိုအခန်းထဲဝင်လိုက်သည်။
'ပါး...colorက...colorကလေ.. '
'တော်စမ်း
U Maha Htin တစ်ယောက် ထိုလူနှစ်ယောက်ကိုတောင်းပန်လိုက်သည်။ သမီးဖြစ်သူမှာ ရန်ဖြစ်ပြီးစခန်းရောက်နေကြောင်းသတင်းရရချင်း အမောတကြီး ရောက်လာရသည်။ ထိုလူနှစ်ယောက်မှာ နစ်နာသူ၏ မိဘနှစ်ဦး ဖြစ်သည်။
'တောင်းပန်ပါတယ် ဗျာ '
'ပါးကတောင်းပန်စရာမလိုဘူး ။ မီးတို့ကိုအရင်လာစတာ ။ '
ပါးကမျက်လုံးပြူးကာလက်သီးဆုပ်ပြလို့ color တစ်ယောက် ပါးစပ်ပိတ်နေလိုက်သည်။ color သူငယ်ချင်းကဘာမှဝင်မပြောပဲ ကိုယ်လွတ်ရုန်းပြီး သူ့မိဘနောက်လိုက်သွားလို့ ပါးကတောင်းပန်နေရတာ။
( ဟင်...တော်တော်ကောင်းတဲ့ သူငယ်ချင်း ။ သူငယ်ချင်းလည်း မဟုတ်ပါဘူး ငါကသာလိုက်ခေါ်ပြောနေရတာ။)
Color တွင်သူငယ်ချင်းတစ်ယောက်မှမရှိ။
အပျော်အပါးမမက်တတ်လို့ ဘယ်သူမှမပေါင်းချင်ပါ။ ခင်ခဲ့ဖူးသောသူများကလည်း နောက်ကွယ်တွင် color အကြောင်းကိုအတင်းပြောကြသည်။
မနာလိုသောသူကလည်းပေါများသည်။
Color Htin ကဘယ်သူဘာပြောပြောအရေးမလုပ်ပါ။ သူမတွင် လုပ်စရာလုပ်ချင်တာတွေကများနေပြီး သူငယ်ချင်းရှာဖို့စိတ်မကူးပါ။
အခုရန်ကုန်ကို ပါးနဲ့နှစ်ယောက် အလည်လာတာ။
တကယ်က အန်ကယ် mak ကိုလာကြိုတယ်ဆိုပါတော့။
မနေ့ကမှခင်တဲ့ကောင်မလေးအနိုင်ကျင့်ခံရတုန်းကာကွယ်ပေးလိုက်လို့ လက်လွန်ကြက်သွန်ဖြစ်ပြီး ရဲစခန်းရောက်နေရတာဖြစ်သည်။
color ပါးကိုလှမ်းကြည့်တော့ စခန်းမှူးနဲ့ စကားပြောနေသည်။ colorကိုကြည့်ပြီး ဘာတွေပြောနေမှန်းမသိ။ ခဏကြာမှ ပါးကရောက်လာသည်။
'လာ ..လေဆိပ်သွားမယ်'
ပါးကပြုံးပြီးပြောလို့ color စိတ်အေးသွားသည်။ အဆူခံရတော့မလို့။ နေဦး ...ပါးပြုံးရင်ပိုဆိုးတယ်။
အရင်တစ်ခေါက်ကပြုံးပြုံးပြပြီး ခဏကြာတော့အပြစ်ပေးခံရတာပဲ။ ဟင်.....
U maha မျက်လုံးပြူးကြီးနှင့် ကျောက်ရုပ်လိုငြိမ်နေတဲ့ သမီးကိုလှမ်းကြည့်ကာ ..'အဟမ်း color htin ' ဟု လေသံအေးအေးနှင့် ပြုံးပြီးခေါ်လိုက်သည်။
Color ထိုင်နေရင်း သတိအနေအထားဖြစ်သွားကာ လေဆိပ်ရောက်ပြီး mak နဲ့မြန်မြန်တွေ့ပါစေတော့လို့ ဆုတောင်းနေသည်။
'သမီးကပါးကိုအရေးမလုပ်တာလား ။ ပါးတောင်းထားတဲ့ကတိကိုမေ့တာလား '
'မ..မဟုတ်ပါဘူး ပါးကလည်း အဲ့လိုမပြောပါနဲ့ ။ မီး ဘ၀မှာ အရေးအပါဆုံးက ပါး နဲ့ mak လေ မီးကရောဘယ်နှခါပြောရမှာလဲ'
'....အ'
( ဟင်...ဆူမလို့ပါဆို ငါအဆူခံလိုက်ရတာလား )
maha ဘာပြောရမှန်းတော့လို့ ဓါတ်ပြားဟောင်းကိုပြန်ဖွင့်လိုက်တော့သည်။
PS. ခဏခဏ ပြောပြီးသားစကားတွေပြန်ပြောတာကိုဆိုလိုတာပါနော်။
'ပါး ကိုပေးတဲ့ ကတိတွေရွတ်ပြ'
'အသက်ထိခိုက်တာလောက်အရေးမကြီးရင် မီးရဲ့ ကိုယ်ခံပညာမသုံးရဘူး။လက်သီးနဲ့ထိုးတာကိုတော့သုံးလို့ရတယ်။ သူများပြသနာ ၀င်မပါရဘူး'
နှုတ်ခမ်းဆူပြီးပြောနေတဲ့color ကတော့..
(ငါ ဒါရွတ်ရတာ အခါတစ်သောင်းမကတော့ဘူး..mak ရေမီးကိုကယ်ဦး )
'သမီး......................................................မှတ်ထား ပါးပြောတာ'
ပါးရဲ့ တစ်နာရီကြာ ဆုံးမစကားပြီးနောက် လေဆိပ်ကိုရောက်သွားသည်။

Taya ရဲ့ အရောင်လေး Where stories live. Discover now