part4

16 2 0
                                    

"၂နှစ်ရှိပြီ ...မင်းသူ့ကိုရှာနေတာ။ လက်လျှော့လိုက်တော့။ "
Peter က ထိုကောင်မလေးပုံတူပန်းချီလေးကိုကြည့်နေသော Taya ကိုပြောလိုက်သည်။ ပြောသာပြောရတာ စိတ်မကောင်းပါ။ Taya ကိုကြည့်ပြီး သက်ပျင်းရှည်ကြီးချလိုက်သည်။ ( ငါပုံဆွဲပေးလိုက်တာမှားပြီလား )
Ps .( ) ဒါလေးကစိတ်ထဲကတွေးနေတာကိုပြောတာနော်
"ငါ့လူတွေအကုန်သုံးပြီးရှာတာတောင်မတွေ့ဘူးတဲ့။ မင်းစဥ်းစားကြည့်။ ဖြစ်သင့်လား "
Taya က ဝီစကီ မော့သောက်ရင်းမကျေနပ်စွာပြောလိုက်သည်။
" ဖြစ်နိုင်တာပေါ့ မင်းမေ့လိုက်သင့်ပြီဆိုတာဖော်ပြတာပဲ။ UK ,Aus , France , Spain , Japan , Korea ...ထိတောင်ရှာတာမတွေ့ဘူးဆိုတော့ မင်းတော်တော့ Taya "
" မြန်မာတစ်နိုင်ငံလုံး နှံ့နေပြီ Cafe က CCTV က လည်းတိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့ကဟာပဲ ပျက်နေတာ"
" အေး..တော်တော့လို့ မိန်းမတွေပေါပါတယ်ကွာ"
တကယ်ပါ။Taya ခံစားနေရတာကိုမကြည့်နိုင်တော့ပါ။
" ဟင်း ...ဟားဟားဟား ...."
ဝီစကီခွက်ကိုင်ရင်း ရယ်နေသောTaya ..Black tee ကိုနက်ပြာဂျင်းဘောင်ဘီး နှင့်ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသော်လည်း ခန့်ညားသောမျက်နှာနှင့် လက်ဖျံပေါ်မှသွေးကြောစိမ်းများကထင်းထွက်နေသောကြောင့် Bar ထဲရှိ girls ရော boys တွေပါ Tayaကိုအကြည့်တွေဝဲနေကြသည်။
"မိန်းမတွေပေါတယ်တဲ့လား ....ငါသိတာပေါ့ ။ သူ့ကိုချစ်တယ်လို့ငါမပြောပါဘူး ။ ဒါပေမဲ့. .ငါအဲ့ကလေးမကိုတွေ့ချင်တယ် ။ ကိုယ့်ကိုယ်ကိုလည်းအံ့သြတယ် ငါကတော့ရှာနေမှာပဲ တစ်နေ့နေ့တွေ့လာမှာပါ "
Taya ကိုဘာပြန်ပြောရမှန်းမသိတော့လို့ Peter cocktail ခွက်ဆီသာအာရုံပို့ထားလိုက်သည်။

" ဟယ် ..ဟိုနှစ်ယောက်ကိုကြည့်စမ်း။ နတ်ဘုရားတွေများ လာသောက်တာလား ။ ချောလိုက်တာ "
" အမလေး ..ဟုတ်ပါ့ နှစ်ယောက်လုံးတအားချောတာပဲ ။​တစ်မျိုးဆီကြည့်ကောင်းတာပဲ ။ တွဲနေကြတာများလား..အဟိ "
Taya တို့ဝိုင်း၏ထောင့်ဘက်ဆီမှာ လူငယ်လေးတွေစုနေကာ သောက်စားနေကြပြီး ကောင်မလေးများအကြည့်က Taya နှင့် Peter ဆီ မှာ....
" အဟက် ...." ထိုဝိုင်းမှ လူတစ်ယောက်ကောင်မလေးတွေပြောတာကြားပြီး မျက်နှာမဲ့လိုက်သည်။
" မင်းတို့နှစ်ယောက် ထွက်သွား ။ နားညည်းတယ် "
" အို....ကိုSaturn ကလည်း ထက်တို့မပြောတော့ပါဘူး။ ကိုစေကိုပဲကြည့်တော့မယ်နော် " ကောင်မလေးတစ်ယောက်ပြာပြာသလဲရှင်းပြတော့သည်။ ဒီလူ့နားနေရင် ငွေမြိုးမြိုးမြက်မြက်ရသောကြောင့် ခေါင်းဆောင်ကိုလာဒ်ထိုးထားရသည်။ ထွက်မသွားနိုင်ပါ။
" သွားစမ်း ..မင်းသေချင်နေတာလား ။ "
" ဟ...ဟုတ် " !ကောင်မလေးနှစ်ယောက်ထသွားတော့သည်။ မသွားလို့မရပါ။ ထိုလူမှာ Mafia သခင်လေးတစ်ယောက်ဖြစ်ပြီး ဓါးသွားထက်သည်။
ထိုလူက အရက်ခွက်ကိုင်ရင်း ပြုံးပြီး ငြိမ်သက်စွာ
မိမိမျက်စိေရှ့ကလူသားလေးကိုမြတ်နိုးစွာကြည့်လိုက်ပြီး
( ခင်ဗျားလေးနဲ့ကိုယ့်ကြားထဲ ဘယ်သူမှမဝင်ရဘူး။ ကိုယ်ရှင်းပစ်ဖို့ဝန်မလေးဘူး )
ပြီးနောက် အရက်ခွက်ကိုင်ရင်းကောင်မလေးတစ်ယောက်ခေါ်ကာထသွားတော့သည်။
Taya တို့လည်း ကားပါကင်တွင် နှုတ်ဆက်ကာလမ်းခွဲလိုက်သည်။

Taya ရဲ့ အရောင်လေး Where stories live. Discover now