part 5

11 1 0
                                    

Tayaမှာ Bangkok မရောက်ဖူးသောကြောင့်လျှောက်သွားနေမိသည်။
"Pete ပြန်သွားတော့လည်းပျင်းစရာကောင်းသလိုပဲ"
တစ်ယောက်တည်းရေရွတ်ရင်း cafeဆိုင်လေးတစ်ခုတွင်coffeeမှာကာ ထိုင်နေလိုက်သည်။
"Luu ,coffee မှာလေ" တစ်ဦးတည်းခေါ်လာတဲ့ body guard လေး luuကိုပြောလိုက်သည်။ luuကိုသူမွေးစားခဲ့တယ်လိုပြောရမလားပဲ။luu က ၁၆နှစ်သာရှိသေးသည်။ UK မှာကျောင်းတက်ရင်း homeless ဖြစ်ဆေးစွဲနေတဲ့ တရုတ်ဗမာကပြားလေးကို အနားခေါ်ကာကယ်တင်ပေးခဲ့တာ သုံးနှစ်ရှိပြီ။ သူက မိမိbody guard လုပ်ချင်သည်မ လို့ ခွင့်ပြုပေးခဲ့သည်။
Sunglass ..တပ်ထားပြီး black tee နှင့် grey pant ဝတ်ထားသော tayaမှာချောမောလွန်းသည်။ အရပ်၆ပေကျော်မြင့်ပြီး အသားအရည်မှာလည်းဖြူဖွေးကာ နက်မှောင်သောဆံပင်ရှိသော bossကို luu ကြည့်ရင်းခေါင်းငြိမ့်ပြလိုက်သည်။ ပြီးနောက် coffeeမှာခဲ့ပြီး restroom ထွက်သွားသည်။
ထိုစဥ် အဘိုးအိုတစ်ယောက် newspaper ဖတ်ရင်းလက်ထဲကတုတ်ကောက်လွတ်ကျသွားသည်။ မိမိဘေးတွင်ဖြစ်သွားသည်မလို့ Tayaတုတ်ကောက်လေးကောက်ပေးရင်း ကြည့်လိုက်တော့အဘိုးကမရှိတော့ ။( ပြီးမှ waiterလေးပေးလိုက်မယ် )ဆိုပြီး Tayaလည်းတုတ်ကောက်လေးဘေးနားယူထားလိုက်သည်။
ထိုစဥ်မိမိနှင့်မျက်နှာချင်းဆိုင်ခုံတွင်လာထိုင်နေသောကောင်မလေးကိုမြင်ပြီး tayaအသက်ရှူမှားသွားသည်။
(ကလေး ...တကယ်မင်းပဲ လား ..ကိုယ်မှတ်မိတယ် မှားနိုင်စရာမရှိဘူး ) နှစ်နှစ်ကျော်ရှာနေတာမတွေ့...သို့ပေမဲ့ အခုသူမလေးကသူနဲ့စားပွဲတစ်ခုထဲထိုင်နေသည်မို့
Taya တစ်ယောက်အပျော်လွန်ပြီး မင်သေစွာရပ်တန့်သလိုဖြစ်သွားသည်မှာကျောက်ရုပ်နဲ့တူနေသည်။
(ဆံပင်တွေရှည်လာပြီး အရမ်းလှလာတယ်နော် ...မျက်လုံးလေးတွေက တောက်နေတာပဲ ကိုယ်အရမ်းစွဲလမ်းခဲ့ရတာ ..ကလေးမျက်ဝန်းတွေကို )
အပြင်မှာပြောချင်တဲ့စကားတွေကို စိတ်ထဲကပြောရင်း waiter လေး coffeeလာချသွားတာမသိ လိုက်။
ကောင်မလေးကလက်လေးလာကိုင်တော့ taya အပျော်လွန်ပြီး "ahhh oh my god "အသံထွက်ပြောလိုက်သည်။
"Are you alright. It's OK. Here is your coffee ." ပြုံးပြီးမိမိလက်နှင့် coffeeခွက်လေးထိပေးနေသည်။
သနားသောမျက်ဝန်းများနှင့်စိုက်ကြည့်နေလိုက်သေးသည်။
"The weather is really fine today .What a great time to have coffee .isn't it ?"
ပြုံးပြီးပြောနေသောကောင်မလေးကိုကြည့်ပြီး သူ့ရင်ခုန်သံတွေဗြောင်းဆန်လာသည်။
" ahh..I am sorry " ပြောပြီးမှ
အားနာသွားသည်ထင်သည်။
ညဏ်ကောင်းတဲ့ taya သိလိုက်ပါပြီ။ ဒီက လေးကသူ့ကို မျက်စိမမြင်ဘူးထင်နေတာ။
(OK ပါ ကလေး ..အဟက် )
Taya ကနွမ်းလျတဲ့ အပြုံးလေးဖန်တီးရင်း
"No..it's fine . Finally...someone told me about the weather. I wanted to know tbh. "
"Ohh..hehee" သူမလေးပြုံးသွားတော့သူပျော်ရသည်။
ပုံမှန်စိတ်နဲ့ဆို မိမိကိုသနားသလိုကြည့်တဲ့သူတွေကိုတစ်ခုခုလုပ်မိမှာသေချာသည်။ မင်းလေးဖြစ်နေလို့ ...။
မျက်မှန်အမဲတပ်ထားပြီး တုတ်ကောက်ဘေးနားချထားသော taya ကို blind person ထင်သွားပုံပင်။
" boss ... ကျွန်တော် ဟိုဘက်နားမှာထိုင်နေမယ်နော် " luu ကအလိုက်သိစွာ ရှောင်ပေးသည်။
" ဟယ် ..ဗမာလား"
"ကြယ်တာရာဇိန်းပါ " deep voice ကြီးနှင့်ပြောချလိုက်သော်လည်း ရင်တွေတုန်နေသည်။
"ကာလာထင်" သူမကတည်ငြိမ်စွာပြန်ပြောသည်။
နှစ်ယောက်သား coffeeသောက်ရင်းကြောင်အမ်းအမ်းဖြစ်နေသည်။
"Color ကဒီမှာ ကျောင်းတက်နေတာ။ ကိုကြယ်တာရာဇိန်းကရော "သူမလေးကမေးလာတော့
"Taya လို့ပဲခေါ်ပါ (ဒါမှမဟုတ် ကိုကို လို့ခေါ် ဟင်းဟင်း ။ ) ကိုယ်ကကျောင်းပြီးပြီ။ အခု အလုပ်လေးရှိလို့ ဒီရောက်နေတာပါ "
"Taya လို့မခေါ်ချင်ပါဘူး။ ကျောင်းပြီးပြီဆိုတော့ color ထက်အသက်ကြီးမှာပဲ။ ကိုကြယ်လို့ခေါ်ရမလား "
" ဟင် ..အဲ့လိုကြီးမ..မခေါ်ပါနဲ့ "
"ဟိဟိ . .." သူမကကြိတ်ရယ်နေသော်လည်း
Taya တစ်ယောက်မိမိချောမောမှုတွေလွင့်စင်သွားသလိုခံစားလိုက်ရသည်။ (ကိုကြယ်တဲံ့ .)နာမည်ကြားပြီး စိတ်ထဲအောင့်သက်သက်။
Color ကအသံမထွက်အောင်ရယ်နေသော်လည်းမျက်နာပြုံးစိစိကို မြင်နေရသည်။
"Taya ...color class ရှိလို့သွားပြီနော် "
ပြောပြီးထထွက်က ပြေးသွားလိုက်သေးသည်။
" luu ..သူ့နောက်လိုက်စမ်း ..စုံစမ်းခဲ့ ။ မသိသာစေနဲ့ "
မျက်မှန်ချွတ်ပြီးပြုံးစိစိလုပ်ရင်း "ဟား ဟား ဟား.
" မနေနိုင်လို့ထရယ်လိုက်သည်။ သူဒီလိုမရယ်ရတာကြာပြီမဟုတ်လား ။
( ချစ်ဖို့ကောင်းလိုက်တာကွာ...)

Taya ရဲ့ အရောင်လေး Where stories live. Discover now