Chapter 3

698 76 7
                                    

ကျောင်းထဲကို အနက်ရောင်ကားတစ်စီးက ခမ်းနားစွာဖြင့် ၀င်လာသောကြောင့် ‌ အထူးအဆန်းအနေဖြင့် ကားပေါ်မှ ဆင်းသက်လာမည့် ကားပိုင်ရှင်ကို စပ်စုရန် လူတိုင်း မျက်စိထောင့်ထောက် ကြည့်နေကြသည်။ အမှန်တကယ်လဲ ရှလင်း ကားပေါ်ကနေ ဆင်းလာတာမြင်တော့ မြင်သူတိုင်းအံ့ဩသွားကြတော့သည်။

ရှလင်းက သူမတူတဲ့ ဒီဇိုင်းနှင့် လွယ်အိတ်ကိုလဲတစ်ဖက်တည်းလွယ်ကာ နားကြပ်တပ်ပြီး တစ်ကိုယ်တည်း အလွင့်ဖြစ်နေတာကြောင့်ပင်.....
ရှလင်း ကျောင်းခန်းထဲကိုပဲ တန်းတန်းမတ်မတ်သွားလိုက်သည်။ သူ့ကိုလူတိုင်းက ကွက်တိကွက်ကြား ကြည့်နေတာသိလဲ သူဂရုမစိုက်...

အတန်းထဲရောက်တော့ သူ့မှတ်ဉာဏ်ထဲက ထိုင်ခုံနေရာသို့သွားလိုက်သည်။ ထိုစဉ် ...

" ဝါး....ဝါး....ရှလင်း....မင်း ဘယ်လိုဖြစ်လာတာတုန်း.....ဝါး....မိုက်လှချည်လား...."

ရှလင်းက ဘာမှမပြောပဲ ပခုံးပဲ တွန့်ပြလိုက်သည်။

(' သူကကျိူးရန်ပဲ....အရင်ရှလင်းရဲ့ omega သူငယ်ချင်း.....သူ့ကိုကြည့်ရတာ ငါ့ရဲ့ first impression မှာတင် over လုပ်လွန်းနေသလို
ပဲ ')

" ရှလင်း....မင်း ကားနဲ့လာတာဆို. ဘယ်သူ့ကားကြီးလဲ...ထယ်ရှန်းနဲ့အတူတူမလာဘူးလား..."

" နောက်နေ့ကစပြီး ငါက ငါ့ကားနဲ့ ငါလာမှာ.."

" ဘာဖြစ်လို့....မင်း ထယ်ရှန်းကိုစိတ်ကောက်နေတာလား....မင်း ဆေးရုံတက်တာတောင် သူဂရုမစိုက်လို့လား...."

"မဟုတ်ပါဘူး....ဒီလိုပဲ ...ကားမောင်းချင်စိတ်ပေါ်လာလို့....."

" ငါပြောပြရဦးမယ်....မင်းကြားရင်အရမ်းပျော်မှာ...."

" ဘာလဲ....‌ ကျောင်းမှာ စာမေးပွဲမစစ်တော့ဘူးတဲ့လား...."

"အဲ့ထက် ပိုတယ်...."

" ဘာလဲ..."

" Group chat ထဲ မင်း၀င်မကြည့်ရသေးဘူးမလား...."

" လိုလို့လား...."

" မင်းကလဲ ...ဒီနေ့ဘာဖြစ်....စကားအကောင်းပြောဖို့ကို......"

" မင်းကလိုရင်း မရောက်တော့ဘူးလေ..."

" မင်းကိုထယ်ရှန်းက ဒီနေ့ break time အချိန်မှာ ပြောစရာရှိတယ် canteen A ကိုလာခဲ့တဲ့လေ....ကဲ မပျော်ဘူးလား....."

Bad smelled Pheromone Where stories live. Discover now