Chapter 21

404 46 5
                                    

" သူမုန့်ထိုင်စားပါတယ်...."

" ပြီးတော့ရော...."

" ထိုင်စားတာတစ်နာရီလောက်ရှိပါတယ်.....တစ်ခုခုကိုတွေးနေပုံပါပဲ.....ပြီးတော့ သူဓာတ်ပုံရိုက်တယ်.....တစ်ယောက်ယောက်ကိုလဲ ပို့လိုက်တယ်...."

" ငါတို့ group ထဲပို့တာ...." Riner ကပြောလိုက်သည်။

" ပြီးတော့ ခွေးလေးတွေ ကိုင်တယ် ဓာတ်ပုံရိုက်တယ်
ပန်းတွေ ခူးတယ် ဓာတ်ပုံရိုက်တယ်...ငှက်တွေ နားနေတာကို ခြေနဲ့ကန်တယ် ဓာတ်ပုံရိုက်တယ်...."

"........."

"..........."

".........."

" ပြီးတော့ လမ်းဘေးကြောင်ကို ဓာတ်ပုံရိုက်တယ်..."

" သူက ဓာတ်ပုံဝါသနာအိုးပဲ...."

" နောက်ရော ထူးဆန်းတာ ဘာလုပ်သေးလဲ....ဘယ်သူတွေနဲ့တွေ့သေးလဲ...."

" ဘာမှမလုပ်ဘူး....လမ်းလျောက်တယ် တွေ့သမျှ ဓာတ်ပုံရိုက်တယ်......ဟိုပြေးဒီပြေးနဲ့ တအံ့တဩ ကြည့်တယ်....."

" သူ့ကိုနောက်ယောင်ခံထားတာသိလို့ တမင်လုပ်နေတာများလား...."

" သူမသိလောက်ဘူး.....သူအဲ့လောက် ဉာဏ်မကောင်းဘူး...."

".........."

" တွေ့တဲ့လူတော့မရှိဘူး.....တောက်လျောက်သူတစ်ယောက်တည်းပဲ.......ဓာတ်ပုံရိုက်တာကလွဲပြီး ဖုန်းပြောတာလဲမရှိဘူး....."

" ကောင်းပြီ......သူအခု လက်ရှိ ဘယ်နေရာမှာလဲ..."

" ကျနော့်လူပြောတာတော့ ကားငှားနေတယ်တဲ့..."

" ကားငှားနေပြီလား..... ပြန်တော့မှာလား....တခြားနေရာ၀င်ဖို့ လား....."

" အဲ့တာတော့ မသိသေးဘူး..."

" ညမှပြန်မယ်ထင်တာ.....ထင်တာထက်စောနေတာပဲ....မင်းလူတွေသေချာပြောထားလား Riner..."

" ပြောထားတယ်...."

" ကောင်းပြီ......ဒီအိမ်ကို ဘယ်လိုရောက်လာမလဲ ကြည့်ကြတာပေါ့....."

ဒါကတော့ Erik မောင်နှမ လေးယောက်နဲ့ ရာဇီး တို့ စကားပွဲပါ....
သူတို့ ရှလင်း လျောက်လည်တာကို လိုက်မပို့ကြဘူးဆိုတာ ရှလင်း ကို စစ်ဆေးစရာရှိတာကြောင့်ပင်....

Bad smelled Pheromone Where stories live. Discover now