Chapter 24(Z)

158 5 0
                                    

ရှလင်းတစ်ယောက် ဧည့်တွေ့ ခန်းတွင် Ethan ကို ထိုင်စောင့်နေရသည်။ အကြောင်းမှာ Ethan က အိမ်တွင် သူ့ laptop ကျန်ခဲ့လို့ပင်....

အစည်းအဝေး အခန်းထဲရောက်နေတာကြောင့် ရာဇီးကလဲ လာမယူနိုင်တာမို့ အိမ်မှာ အားယားနေတဲ့ ရှလင်းကို လာပေးခိုင်းတာဖြစ်သည်။

Riner က Ethan ရဲ့ company ရှေ့ထိ ရှလင်းကိုလိုက်ပို့ပေးခဲ့ပြီး ဘယ်သူဘာမေးမေး laptop ထောင်ပြရန်သာ မှာခဲ့သည်။

ဘာကြောင့် laptop ပဲထောင်ပြရန်လိုသလဲ ဆိုတာသိရဖို့ ထို laptop ကိုစစ်ဆေးလိုက်သည်။

စားပြီးသား ပန်းသီး ရဲ့ ထိပ်တွင်မှ  EN ဆိုတဲ့ တဲ့တံဆိပ်ကြီးကို ကပ်ထားလေသည်။ Erik Ethan ပိုင်ပစ္စည်းဆိုတာကို ကြေငြာတဲ့ တံဆိပ်မှန်းသိလိုက်သည်။ ထိုတံဆိပ်ကြီးကို ထောင်ပြီး ပြထားမှတော့ ဘယ်ဝန်ထမ်းမှ ဒီ laptop ကို ကိုင်ဆောင်ထားတဲ့ ရှလင်းကို မေးခွန်းမထုတ်ကြပေ။
တန်းပြီး ရှလင်းကို ဧည့်တွေ့ခန်းတွင် စောင့်ခိုင်းလိုက်သည်။ အပိုအနေနဲ့ ကော်ဖီလေးပါ လာချပေးသွားသေးသည်။

နာမည်ကြီး Erik မိသားစုရဲ့ company ဆိုတဲ့အတိုင်း အဆောက်အဦးကလဲ ခမ်းနားလွန်းလှသည်။ ဧည့်တွေ့ခန်းတောင် သူ့အိပ်ခန်း သုံးခန်းစာလောက်ကျယ်ဝန်းလေသည်။ ရှလင်းက ထုံးစံအတိုင်း သူ့ဖုန်းကိုထုတ်ပြီး selfie ဆွဲကာ Instagram post တင်လိုက်သည်။

၁၅ မိနစ်လောက် စောင့်ပြီးတဲ့နောက်မှတော့ ရင်းနှီးတဲ့အသံတစ်ခုကို ကြားလိုက်ရသည်။
ခြေသံ........

သူ့စိတ်အစဉ်ကို စိုးမိုးသွားဖူးခဲ့တဲ့ ထိုခြေသံတစ်စုံ.....စင်ပေါ်ကိုထို‌ခြေသံနဲ့ အတူ တက်လာတဲ့ Ethan ကို သဘောကျစွာ ငေးမောခဲ့ဖူးတာကို ရုတ်တရက် ပြန်သတိရသွားသည်။ အခုလဲ ယုံကြည်မှုအပြည့်ဖြင့်တည်ငြိမ်စွာ လျောက်လှမ်းနေတဲ့ ထိုခြေသံက Ethan ရဲ့ ခြေသံမှန်း ရှလင်း သိသည်။ 

သူ့ဆံပင်ကို သပ်လိုက်ပြီး မျက်နှာကိုလဲ လက်ဖြင့်ပွတ်လိုက်သည်။ မတော်လို့ ဖုန်တွေဘာတွေ ပေရေ နေလျှင် သူ့ကို ချက်ခြင်းမောင်းထုတ်နိုင်သည်လေ....

Ethan အထဲကိုရောက်တော့ laptop ကို ကိုင်ထားတဲ့ ကောင်လေးကို တွေ့လိုက်ရသည်။ ထို့နောက် ထိုကောင်လေးနဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး လက်ဖြန့်ကာ laptop ပေး ဆိုတဲ့ပုံစံလုပ်လိုက်သည်။

Bad smelled Pheromone Where stories live. Discover now