Part - 1(U+Z)

837 90 34
                                    

မျောပါနေရသည့်ခံစားချက် .. လေးလံထိုင်းမှိုင်းနေတာမျိုးမဟုတ်ဘဲ အမွေးပွပွတစ်ခုထဲနစ်ဝင်နေရသလိုမျိုးဖြစ်လို့ခံစားချက်ကအလွန်အမင်းသက်သောင့်သက်သာဖြစ်နေသည်။

မျက်လုံးတွေမှိတ်ထားတဲ့ခဏ သူ တိမ်စိုင်တစ်ခုဖြစ်သွားတာလား။

( အား!!!  နေလို့ကောင်းလိုက်တာ ...)

မျောလွင့်လို့ကောင်းနေတဲ့အချိန်မှာပဲ အလင်းတန်းတစ်ခုဖြာကျလာတာကြောင့် သူ့မျက်ခွံတွေဟာဆတ်ခနဲလှုပ်ခါသွားကြတယ်။တစ်ဆက်တည်းနားစည်ထဲဝင်ရောက်လာတာက မြင်ရပါများတဲ့ငှက်မျိုးစိတ်နှစ်ခုရဲ့ကျီကျီကျာကျာအာအာအာဆိုတဲ့အသံနဲ့အတူ...

" ကံ ထူး နိုင် !!! "

မတိုင်ခင်ကဆတ်ခနဲလှုပ်ရှားသွားကြတဲ့မျက်ခွံတွေက ချိန်ကိုက်ဗုံးတစ်လုံးရဲ့သုညစက္ကန့်ကိုရောက်သွားသလိုမျိုး အလန့်တကြားပွင့်လာချိန်မှာတော့ စိတ်နဲ့လူကလုံးဝကပ်သွားသလိုအလိုလိုလည်းငုတ်တုတ်ထထိုင်မိသွားသည်။

သူတိမ်စိုင်ဖြစ်နေတာမဟုတ်ဘဲ ဂွမ်းစောင်ထဲအိပ်ပျော်နေခဲ့တာပဲ။

" နိုးပြီလား ကိုယ်တော် .. ကျုပ်အော်နှိုးနေတာ ၁၃၈ခေါက်ရှိတော့မယ် "

မာတာမိခင်၏အိုဗာတင်းကိုဇွန်းတပ်ထားသည့်လေသံကြောင့် ကံထူးတစ်ယောက်ဖြစ်ရလေဆိုသည့်မျက်နှာပေးဖြင့်လေးတိလေးကန်မော့ကြည့်လိုက်ပြီး...

" အမေတို့ကစားပြီ သားအခုမှကြားတာပါနော် "

" ဟဲ့ ! နင်ကကာလနဂါးလိုသေနေတာလေအခုမှကြားမှာပေါ့ ငါအာပေါက်နေတာတစ်ရပ်ကွက်လုံးအသိပဲ နိုးရင်လည်းထတော့၇နာရီခွဲနေပြီ..ဘယ်နှယ့် အလုပ်ကရမယ်မကြံသေးဘူး မနက်မနက်ဒင်းကိုနှိုးနေရတာနဲ့တင်အသက်တစ်ရက်တိုပြီးဒင်းလုပ်စာတောင်စားရမှာမဟုတ်ဘူး ဖအေကတစ်မျိုးသားတွေကတစ်မျိုးနဲ့  နင်တို့တွေငါမရှိမှသိမယ် "

" လာပါပြီ ဒရမ်မာတွေ .. အမလေး အရပ်ကတို့ရဲ့ ဒေါ်ဥမ္မာတို့ဒရမ်မာတွေချိုးနေပါပြီဗျို့ "

နံနက်ချိန်ခါတေးသံသာတွေမို့ ကံထူးတို့ကတော့ဒါမျိုးတွေရိုးနေပြီ။ နောက်ထပ်ထွက်လာမဲ့ဒိုင်ယာလော့ခ်တွေကိုမခံစားလိုတော့သည်မို့ ကံထူးလည်းမိခင်ဖြစ်သူကိုကလိခဲ့လိုက်ပြီးအိပ်ရာမှထခဲ့လိုက်တော့သည်။ ဒေါ်ဥမ္မာကတော့အိပ်ရာသိမ်းနေရင်း တဖျစ်တောက်တောက်ပြောကျန်ခဲ့လေရဲ့။

Just .. 27 steps (Ongoing)Where stories live. Discover now