" အန်တီဥမ္မာ !! အန်တီဥမ္မာ "
" အေး ! ဘယ်သူတုန်း ! "
မီးပူတိုက်နေရင်းအိမ်ရှေ့မှခေါ်သံကြောင့် ဒေါ်ဥမ္မာမီးပူကိုသံခွေပေါ်တင်လိုက်ပြီးထူးလိုက်၏။ ပလပ်ကိုဆွဲဖြုတ်ပြီးနောက်အိမ်ရှေ့ထွက်ကြည့်ရန်ဖြည်းဖြည်းချင်းထရပ်နေစဥ် ..
" ကျွန်တော်မိုးကြီးပါ .. ဒီမှာကံထူးကိုလာပို့တာ "
" ဟင် !! "
အထူးအဆန်းဖြစ်အင်လည်းဖြစ် ဘာများဖြစ်တာပါလိမ့်ဆိုသည့် သားဇောလည်းကပ်သွားတာကြောင့် အထိုင်အထသတိထားနေရသူသည်မည်သို့မည်ပုံပင်အိမ်ရှေ့ရောက်သွားမှန်းမသိလိုက်ပေ။
" ကံထူး .. အငယ်ကောင်ဘာဖြစ်လို့လဲ "
ပြောလည်းပြောအိမ်ရှေ့လည်းရောက်သွားသည့်ဒေါ်ဥမ္မာမြင်လိုက်ရတာက မိုးကြီးမှတွဲကူပေးထားရသည့်သားဖြစ်သူတောင့်တောင့်ကြီးကိုပင်။
" ဘာဖြစ်လို့လဲဆိုတာ အန်တီဥမ္မာသာကိုယ်တိုင်မေးလိုက်တော့"
မိုးကြီး ကံထူးကိုဧည့်ခန်းထိတွဲခေါ်ပေးလာလိုက်ပြီး ဆက်တီတွင်ဖြည်းဖြည်းချင်းထိုင်စေကာ...
" ဖြည်းဖြည်းထိုင်ဦး .. မင်းမလည်းဖြစ်လိုက်ရင်အဆန်းတွေချည်းပဲ "
ကံထူး ကိုယ့်အပြစ်နှင့်ကိုယ်လိုဖြစ်နေတာကြောင့်ပါးစပ်လေးသာပိတ်နေလိုက်သည်။
" ဒီနေ့တော့နားလိုက်တော့ မနက်ဖြန်လည်းသက်သာမှလာခဲ့ "
" ဟုတ် ... ကျေးဇူးပါအစ်ကိုရာ နော် "
ကိုမိုးကြီးကလက်တကာကာဖြင့် ...
" ရတယ် ရတယ် .. ဆိုင်မှာလည်းအလုပ်မှမရှုပ်သေးတာ၊ ကဲ ဒါဆိုငါသွားပြီ "
" ဟုတ် "
" အန်တီ ကျွန်တော်သွားလိုက်ဦးမယ် "
" အေးအေး သား .. ကျေးဇူးနော် "
အမေကကိုမိုးကြီးထွက်သွားသည်အထိကြည့်နေပြီးမှ မအီမသာဖြစ်နေသောသူ့ဘက်လှည့်လာပြီး..
" ဘာတွေဖြစ်လာတာလဲ ကိုကံထူးနိုင် "
" အစားမှားသွားလို့ပါ အမေရဲ့ "
YOU ARE READING
Just .. 27 steps (Ongoing)
Romanceကိုယ့်ဖူးစာရှင်က ကိုယ်နဲ့ ၂၇လှမ်းပဲဝေးတဲ့နေရာမှာရှိနေမယ်လို့ တွေးကြည့်မိဖူးလား ...👣