Part-5(U+Z)

305 52 33
                                    

ရပ်ကွက်တစ်ပတ်အနှံ့ရှာပြီးတဲ့အထိလင်းထက်ခြေလှမ်းတွေကအရှိန်မလျော့သွားသေး။ နေဝင်တော့မှာမို့နဂိုပူနေတဲ့စိတ်ကအရှိန်ပိုမြင့်လာနေသည်။ ရင်ဘက်တစ်ခုလုံးဖောင်းလိုက်ပိန်လိုက်နဲ့ဖားဖိုသဖွယ်ဖြစ်နေသော်လည်းသူ့မှာမောရကောင်းမှန်းမသိ။

ရောက်နေသည့်နေရာတွင်ခါးထောက်ရပ်ကာဦးခေါင်းကိုအလုပ်ပေး၍ ဟိုဟိုဒီဒီလှည့်ပတ်ကြည့်နေသောသူ့ပုံစံကမသိလျှင်သွေးပူလေ့ကျင့်ခန်းလုပ်နေသလိုလို။ မကြာပါ လှုပ်ရှားနေသောဦးခေါင်းရပ်တန့်သွားသည်က တစ်ခုခုကိုသိလိုက်ရ၍ပင်။ လင်းထက် ခန့်မှန်းမိသည့်နေရာသို့သွားရန်ခြေလှမ်းပြင်လိုက်သည်။ စိတ်ထဲမှာတော့ ရှိပါစေဟုအထပ်ထပ်ဆုတောင်းရင်းနဲ့ပေါ့။

လင်းထက်ခန့်မှန်းတာမှန်ကြောင်း သူတို့ဘောလုံးကန်နေကျကွင်းပြင်လေးဘေးရှိအုတ်ခုံပေါ်တွင်ထိုင်နေသည့်ခန္ဓာကိုယ်လေးကသက်သေခံနေသည်။ လင်းထက်လည်းယခုမှပဲသက်ပြင်းချမိ၏။ အနားသို့ဖြည်းဖြည်းလျှောက်သွားကာမှ တသိမ့်သိမ့်တုန်နေသည့်ခန္ဓာကိုယ်လေးကိုအပီအပြင်မြင်လိုက်ရသည်။

" ညီထူး .. ! "

သူ့ခေါ်သံကြောင့်တုန်နေသည့်ခန္ဓာကတိခနဲရပ်သွားကာလှည့်ကြည့်လာ၏။ နေဝင်နေပြီဖြစ်သော်လည်း ကြွင်းကျန်နေသောနေရောင်ကြောင့် လင်းထက်တစ်ယောက်ညီထူးမျက်နှာကိုရှင်းရှင်းလင်းလင်းမြင်နေရသေးသည်။

မျက်ရည်တွေနဲ့ညီထူးကတိုးသက်သောအသံဖြင့်...

" ကိုကြီး "

လင်းထက် ညီထူးဘေးဝင်ထိုင်သည်အထိညီထူးကသူ့ကိုလိုက်ကြည့်နေကြောင်းတွေ့လိုက်ရသည်။ ဘယ်သူမှကိုယ့်ဘက်မရှိတဲ့အချိန် တစ်ယောက်တော့ရှိသေးပါလားဆိုပြီးသိလိုက်ရတဲ့ခံစားချက်မျိုး ငယ်ရွယ်တဲ့ကောင်လေးခံစားနေရပြီလားလို့လင်းထက်တွေးမိသည်။

" ကိုကြီး ... ကျွန်တော် "

" ကိုကြီးအခုပဲအကြောင်းစုံသိလာတာ .. ညီထူးကိုနှင်ချလိုက်တယ်ဆိုလို့ကိုကြီးလိုက်ရှာနေတာ .. တော်သေးတာပေါ့အဝေးကြီးလျှောက်မသွားလို့ "

Just .. 27 steps (Ongoing)Where stories live. Discover now