ကုတင်တစ်ဘက်စွန်းမှနေစောင်နှင့်လုံးထွေးပြီးလှိမ့်လာသည့် ကံထူးတစ်ယောက် ခန္ဓာကိုယ်ကိုသုံးပတ်လှိမ့်ပြီးလေးပတ်မြောက်အရောက်မှာတော့ ...
ဒုတ် !!
" အာ့ ! "
တစ်ယောက်အိပ်ကုတင်အပုလေးဖြစ်နေသည့်အတွက်စိတ်ကြိုက်မလှိမ့်လိုက်ရဘဲအောက်သို့ပြုတ်ကျသွားရသည်။ မှောက်လျက်ကျသည်မို့တံတောင်နှင့်ဒူးမှာအနည်းငယ်နာသွားရ၏။ ကံထူးနာကျင်မှုကိုမခံစားအားသေးဘဲ စာတစ်စောင်ကိုသာသည်းကြီးမည်းကြီးရိုက်နေလျက်ရှိသည်။ မျက်နှာပေါ်တွင်တော့အပြုံးနုလေးများဖြစ်ထွန်းနေသည်မှာ မှိုရသည့်မျက်နှာဟုဆိုရမလို။
အချိန်ကား .. ညနေ ၆နာရီခွဲကျော်ကျော်ခန့်။
ကိုမိုးကြီးဖုန်းဆိုင်သည်ည ၈နာရီထိဖွင့်သောဆိုင်ဖြစ်သည့်အတွက် ကံထူးနှင့်ကံထူးသူငယ်ချင်းလည်းဖြစ်ကိုမိုးကြီးညီလည်းဖြစ်သည့်ရဲမင်းသူသည် မနက်ပိုင်းညနေပိုင်းအချိန်ခွဲကာအလုပ်ဆင်းပေးရ၏။ ဆိုင်တွင်ကံထူးတို့ထက်လုပ်ငန်းပိုင်းကျွမ်းကျင်သောအစ်ကိုတစ်ယောက်နှင့်ကိုမိုးကြီးသာပင်တိုင်နေလေ့ရှိသည်။ ထို့ကြောင့် ကံထူးသည်ညနေ ၄နာရီမတိုင်ခင်ဆိုလျှင်အိမ်သို့ပြန်ရောက်နေပြီဖြစ်သည်။
ယနေ့လည်းထုံးစံအတိုင်းဆိုင်ကပြန်လာရေမိုးချိုးပြီးညစာစားရန်စောင့်ဆိုင်းနေစဥ် မျှော်နေသူထံမှစာပို့လာခြင်းကြောင့်ယခုလိုအသည်းအသန်ဖြစ်နေခြင်းပင်။
{ကိုကိုနေမကောင်းတာမသိဘဲကျွန်တော်ကစိတ်ကောက်နေမိသလိုဖြစ်နေတာပေါ့နော် .. နေမကောင်းလည်းပြောရောပေါ့ }
[ရုတ်တရက်ကြီးထဖျားတာ ဖုန်းကိုင်ဖို့တောင်အားမရှိတော့လို့ပါ]
{အခုရောသက်သာရဲ့လားဟင်}
[အင်း .. သက်သာပါတယ်ညီရဲ့ ဆေးထိုးလိုက်တယ်လေ]
{တော်သေးတာပေါ့ .. အဲ့ဒါဆိုဒီပိတ်ရက်တွေ့မှာလားဟင် ကိုကို}
[ကိုအဲ့ဒါပြောမလို့...]
ကိုကို့ဘက်က Typing ဖြစ်နေစဥ်ကံထူးကုတင်ပေါ်ကပျာကယာတက်ထိုင်လိုက်သည်။
YOU ARE READING
Just .. 27 steps (Ongoing)
Romanceကိုယ့်ဖူးစာရှင်က ကိုယ်နဲ့ ၂၇လှမ်းပဲဝေးတဲ့နေရာမှာရှိနေမယ်လို့ တွေးကြည့်မိဖူးလား ...👣