အပိုင်း ၇

837 51 9
                                    

ရိုးဂုဏ်ဝါတို့ ပြန်တော့ နေကအတော်စောင်းသွားပြီဖြစ်သည်။ ဘုန်းစက်နှင့် ပါးလည်း ဧည့်ခန်းထဲ၌ အတူထိုင်ကာ ညီညီလေးတို့မင်္ဂလာပွဲအကြောင်းကို အသေးစိတ်ပြန်ပြောနေကြသည်။ ပွဲက တအားကပ်လွန်းသည်။ စီစဥ်စရာတွေကလည်းများလှသည်။ မင်္ဂလာပွဲက ဒီမှာလည်းတစ်ခါဆောင်မယ် ရိုးဂုဏ်ဝါတို့ဘက်မှာလည်း ပြန်ဆောင်မယ်။

"ပါးပါး ဘွားဘွားက တရားစခန်းကနေ နောက်နှစ်ပတ်ဆိုထွက်လာတော့မှာ ပါးပါး အဲ့တာကိုကောဘယ်လိုလုပ်မလည်း။"

"အဲ့အချိန်ကျ အားလုံး ပြင်ဆင်ပြီးနေပြီးလေ။ မင်းအဘွားဘာတတ်နိုင်တော့မှာလည်း သားကြီးရ။

ပါးပါးက သူ့ထွက်ကိန်းနှင့်သူဟုတ်နေသည်။

"ပါးတော့ မောင်ရိုးဂုဏ်တို့ကို အတော်သဘောတွေ့တယ်ကွာ။ တောသူတောင်သားတွေဆိုတော့ ရိုးသားကြတာနေမှာ။"

လင်းစက် ထိုသူ့နဲ့စီစဥ်ထားသည့် ကိစ္စကိုငြင်းဖို့ ပါး ဆီလာခိုက် ထိုစကားကိုကြားလိုက်ရတာဖြစ်သည်။

"အိုး ဘာမှရိုးသားမနေဘူး။"

ပြောလည်းပြောပြီး ပါးဘေးနားဝင်ထိုင်လိုက်သည်။

"တောသူတောင်သားတိုင်း ရိုးသားကြရင်တောင် အဲ့လူကြီးတော့ပါမယ်မထင်ဘူး။လူလည်လို့ပဲမြင်တယ်။ ပြီးအနေအထိုင်က မတတ် တဟီးဟီးတဟားဟားတွေ။ဗရုတ်ကကျသေး။ "

"ပျော်တတ်ကြတာပါ ညီညီလေးရာ။"
ဘုန်းစက် ညီညီလေးအမြင်ကို ဝင်ထောက်ပေးလိုက်သည်။

"မောင်ရိုးဂုဏ်က ငွေကိုလည်း ထင်တိုင်းမသုံးဘူး။ လိုအပ်ရင်လည်း မနှမျောဘူး *အစွန်းသုံးပါးလွတ်တယ်။ ဒီလိုလူမျိုးတွေက ဆင်းရဲနေရင်တောင် နောင်တစ်ချိန်သေချာပေါက် ကြွယ်ဝမယ့်သူမျိုးတွေ။"

(*ငွေနှင့်ပတ်သတ်သော အစွန်းသုံးခု- ငွေမက်ခြင်း၊ ကပ်စေးနဲခြင်း၊ဖြုန်းတီးခြင်း)

တည်းခိုဖို့ ပါးဘက်က စီစဥ်ပေးမယ်ပြောတာတောင် ဘုန်းကြီးကျောင်းမှတည်းလက်စမို့ အဲ့မှာပဲတည်းမယ်တဲ့။ ပါးက ဘာတွေသဘောကျနေမှန်းမသိ ရန်ကုန်မှာ စားသောက် စာရိတ်ခြွေတာအောင်ဆိုပြီး ကားနောက်မှာ ဆန်အိတ်ကြီးတင်လာတာကိုလား။ ခြံထွက်သီးနှံဆိုပြီး သူတို့သယ်လာတဲ့အထဲကပေးခဲ့တဲ့ သီးမွှေးငှက်ပျော်ခိုင်ကြီးကြောင့်လား။ သူ့ရွာက လူတွေကို ဘုရားဖူးလိုက်ပို့မယ်ဆိုတာကိုလား။ ရန်ကုန်မြို့ကြီးလိုမဟုတ် သူတို့ရွာမှ ရေကိုဝယ်သောက်စရာမလိုကြောင်းပြောတာကိုလား။ ဒါတွေကိုပဲ ပါးက သဘောကြနေတာနေမှာ။ အလကား ကပ်စီးနှဲကော်တရာ တပြားကနေ နှစ်ပြားခွာမယ့် လူစားမျိုး။ ကိုကိုကြီးက အစတုန်းကကြ လင်းစက်ဘက်ကလိုလိုနဲ့ ခုတော့သူကပါ ခေါင်းတငြိမ့်ငြိမ့်။ အတော်သဘောကြနေပုံရသည်။

မလိုချင်ဘူး...မင်းကိုWhere stories live. Discover now