အပိုင်း ၃၆

837 40 4
                                    

အဆင့်မြင့် ဆေးရုံ၏ အထူးခန်း အတွင်း၌ ဥပတိရုပ် ခပ်ဖြောင့်ဖြောင့် ရှိသော ယောက်ျားပျိုတစ်ဦး သည် ပတ်ဝန်းကျင်၏ ပူပြင်းတောက်လောင်မှုများကို ဘာမှ မခံစားမိသည့်အလား နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိသည်။ စက်ကရိယာများ နှင့် ဆေးပိုက်မျိုးစုံ က ထိုသူ့ နံဘေး ဝိုင်းရံထား လျက်ရှိသည်။ ခပ်ထူထူ နှုတ်ခမ်း လွှာ များက မကြည့်ရက်စွာ ဖြူဆုတ်နေပြီး ထို သူ၏ အသား အရည်သည် ခန္ဓာ ကိုယ် မှ သွေး များ စွာ ခမ်းခြောက်သွား သည့် အလား ဖြူ လျော့စွာ ရှိနေသည်။

"ဒေါက်တာ ကျွန်မသားလေး ရဲ့ အခြေအနေက.."

ဆံအပြေပြေ နံ့သာ လွင့်လွင့်ဖြင့် ဖရို ဖရဲ ဖြစ်နေရှာသော အမျိုးသမီးကြီးသည် သားဇော ကြောင့် အလှအပကို အာရုံ မထားနိုင်။ အလှမာန် ပစ္စည်းမာန် ပင် မဝင့်ကြွားနိုင်ပဲ မျက်ရည် အဖြိုင်ဖြိုင်ဖြင့် ဆရာဝန် ကြီး အား သား ဖြစ်သူ၏ အခြေအနေကို အားကို တကြီး မေးနေရှာသည်။

" ယခုတော့ အသက် အန္တရယ် ကနေ ကင်း လွှတ်သွားပါပြီ။ အချိန်မှီ ရောက်လာလို့ သာလက်မတင်လေး ကယ်နိုင်လိုက်တာ။ ငါး မိနစ်လောက် နောက်ကျမှ ရောက်လာပြီဆို မတွေး ဝံ့ စရာပဲ။"

ဆရာဝန်ကြီး စကား ဆုံးသည်နှင့် ဒေါ် ခင်မေသည် ကျူကျူပါအောင် ချုံးချုံး ချ ငိုကြွေးတော့သည်။ သားဖြစ်သည် ဘေးကင်းသွားသည်ဟု ကြားလိုက်သည်နှင့် တင်းထား သမျှကို လွှတ်ချလိုက်သည်။

အဲ့နေက ယောက်ျားဖြစ်သူ ကိုဝေ သာ ပြန်မရောက်ခဲ့ပါက.... ကိုဝေ သာ သားကို စိတ်ပူပြီး သွား မကြည့်ခဲ့ပါက...

" ခင်မေ... ခင်မေ..."

လဲပြိုကျလာသူကို ဝေမိုး အလျင်အမြန် ထွေးပွေ့လိုက်သည်။ ခင်မေ့ကို သူအတော် စိတ်တိုနေတာဖြစ်သည်။ အတော်မာန်ကြီးသည့် မိန်းမ။ ကံသီလိုသာ သားအသက်ကို ကယ်လိုက်နိုင်တာ။ စိတ်ဆိုး ဒေါသဖြစ်စွာ ဤမိန်းမကို လျစ်လျူရှုလိုသော်လည်း နှစ်ပေါင်းများစွာ ပေါင်းဖက်လာသော သံယောဇဉ်ကြောင့် လုံးလုံးလျားလျားကြီး ဥပေက္ခာ မပြုရက်နိုင်။

"ကိုဝေ ကျွန်မ.."

"ငါအခု မင်းနဲ့ စကား မပြောချင်သေးဘူး ခင်မေ။ ဘေးအခန်းမှာ အရင် သွား နားတော့။ မိသိမ့် နင့်မေမေကြီး ကို ခေါ်သွား။"

မလိုချင်ဘူး...မင်းကိုWhere stories live. Discover now