အပိုင်း ၂၇

1K 53 11
                                    

ပါးပါးတို့သည် မင်္ဂလာပွဲပြီးသည်နှင့် ကုက္ကုလ် ကိုင်း မှာ တစ်ရက်လေးတောင် မနေကြပဲ နေချင်းတန်းပြန်ဖို့ ပြင်ကြသည်။ လင်းစက် က တစ်ပတ်၊ နှစ်ပတ် လောက် နေခိုင်းတာ ကို မနေကြ။ ကိုကိုကြီးက နေချင်သေးတာကို ပါးပါးက အတင်းပြန်ရန်ဆိုင်းပြင်းသည်။ ဒီလိုကြီး သူ့ကို နေရာစိမ်းမှာ ထားခဲ့ကြတာလား။ ပါးပါးတို့၏ စည်းတစ်ခု ခြားသွားသလို ပြုမှုပုံ က လင်းစက်ကို ဝမ်းနည်းလာစေသည်။

သားငယ် ၏ အားငယ်ဟန် မျက်ဝန်းများကို စက်နိုင် မသိဟန်ဆောင်နေရသည်။ ဒီ ထက်ပိုပြီး နေမိပါက စက်နိုင် မျက်ရည်ကြမိတော့မည်။

"ပါးပါး။"

ကားပေါ် တက်ရန် ပြင်နေသော ပါးပါးကို လင်းစက် လှမ်းခေါ်လိုက်သည်။ လင်းစက် အသံကြောင့် ပါးပါး၏ ကျောပြင်က တစ်ချက်တွန့်သွားတော့ လင်းစက် မနေနိုင်ဘဲ ပါးပါးကို ပြေးဖက်လိုက်သည်။

"သားငယ်လေးကို ပါးပါးက ဒီအတိုင်းစွန့်ပစ်သွားတာလား။"

ညီညီလေးအပြောကြောင့် ဘုန်းစက်ပိုင် ဝမ်းနည်းနေရာကနေ အနည်းငယ် ရယ်ချင်မိသွားသည်။ ဘယ်နှယ် စွန့်ပစ်သွားတယ် ဆိုပဲ။ ဒီဖအေနှင့် ဒီအစ်ကို ပဲ နေရာတကာ တနေလို့ သူကိုယ်တိုင် နေတက်သွားအောင် ပြန်ကြခြင်းဖြစ်သည်။ မဟုတ်ပါက လားပုံပြင်ထဲက လို လက်ကလေးဝင်ပါရစေ။ ခေါင်းကလေး ဝင်ပါရစေနဲ့ အိမ်ပြန် ပါလာမှာ မြင်ယောင်မိသည်။

သားငယ် အပြောကြောင့် စက်နိုင် မျက်ရည်တစ်စက်ကို ခိုးသုတ်ရင်း အနည်းငယ် ပြုံးမိသွားရသည်။

"သားငယ်က ဘာလို့ အဲ့လိုထင်ရတာလည်း။ "

"ပါးပါးက သားငယ်လေးကို သေချာလည်း ကြည့်လည်းမကြည့်တော့ဘူးလေ။ ပြီး သားတောင်းဆိုတာလည်း မလုပ်ပေးတော့ဘူးလေ။ သားတစ်ခုခု လိုချင်တာ လုပ်ချင်တာ ရှိရင်လည်း မောင်ရိုးဂုဏ် ကို ပြောဆိုတာကြီးပဲ။"

"ပါးပါးက အဲ့လိုပဲ ပြောရမှာပဲလေ ပါးပါးက သားကို ဆိုင်ပဲဆိုင်တော့တာ မပိုင်တော့ဘူး။ သားတောင်းဆိုသလို ဒီမှာ နေပေးဖို့ကြ အိမ်မှာက သားဘွားဘွား တစ်ယောက်ထဲ ကျန်ခဲ့တာလေ။ စိုးခန့်ကိုလည်း သားအဖော်ရအောင် ဒီမှာ နေဖို့ ထားခဲ့ပေးမယ်။"

မလိုချင်ဘူး...မင်းကိုWhere stories live. Discover now