အပိုင်း (၂၅)

780 48 11
                                    

အဝါပေါ် အနက်ရောင် လှိုင်း အနည်း ငယ် နှင့် ငွေချည် ဖောက်ထားသော ပိုးပုဆိုးကို ရှပ်ကော်လံ အဖြူနှင့် တွဲဖက် ဝတ် ဆင်ထားသော အမျိုးသားသည် ဝတ်ထားသည်မှ အားမနာ မီးဖိုထားသော ဒယ် အိုးကြီးများကြား ပုဆိုးတကားကားဖြင့် ပြေးလွှားလျက်ရှိသည်။ ၎င်းအဖြစ်ကို ကြာတော့ လင်းစက် ကြည့်မရတော့။ လုပ်မယ့်သူတွေက ဒီလောက်တောင်ရှားနေလို့ သူက နေရာ တကာ ဝင်ပါနေရသလား။ ဘုန်းကြီးများအား ဆွမ်းကပ်ရန်အတွက် လူကြီးများ၏ ညွှန်ကြားချက်အရ လင်းစက် သူ့ကို လာခေါ်တာဖြစ်သည်။ လူကိုတွေ့ဖို့ သူ့အမျိုး လူကုန်မေးပြီးမှ စားဖိုဆောင်မှာ ထိုသူကို ယခုလိုတွေ့တာဖြစ်သည်။ သူတိုးသားက သူတိုးသား ရှိနေရမယ့်နေရာမှာ မနေတော့ တစ်ဖက်သူက အလုပ်ရှုပ်ရတယ်။

မနက်ကတည်းက ထိုသူနှင့် နှစ်ယောက်တည်း မဖြစ်အောင် လင်းစက် ရှောင်နေတာဖြစ်သည်။ ထိုသူကလည်း မနေ့ညက လင်းစက်ကို နမ်းပြီး ရင်ခွင်ထဲ ထည့်အိပ်သူဟာ သူမဟုတ်သည့်အတိုင်း လင်းစက်အပေါ် ခပ်တည်တည်နှင့်ဖြစ်သည်။ နေပေါ့ ဒီကလည်း ဂရုကို မစိုက်တာ။ လူကြီးတွေ အထူးသဖြင့်အဘွား၏ သတိပေးသော အကြည့်များကြောင့်သာ မခေါ် ချင့် ခေါ်ချင်ဖြင့် ထိုသူကိုလာခေါ်တာဖြစ်သည်။ ကလေးငယ်များကြား တလွှားလွှားနှင့် မီးဖိုချောင် နှင့် ခန်းမကြား အပြေးအလွှား သွားနေသူကို လင်းစက် ဓမ္မာရုံနားက လှမ်းကြည့်နေသည်မှာ အတော်ကြာပြီဖြစ်သည်။ ထိုသူက သူ့ဇော နှင့်သူ လင်းစက်ကို မမြင်။ ယခုလည်း လေးနှစ်အရွယ် ကလေးက သူ့ကို ဘာပြောလိုက်သည် မသိ ထိုသူက တလေးတစား ခါးကို ငုံကိုင်းက နားထောင်ပြီး ပါးခွက်ဝင်သည် အထိ ပြုံးနေသည်။ ကျေနပ်ပျော်ရွင်စွာ စားသောက်နေကြသော ကလေးငယ်များကြား ဖြူစင်သော အပြုံးနှင့်ရှိနေသော သူ့ကို မြင်တော့ မကျေမချမ်းဖြစ်နေသော စိတ်ကလေးက အနည်းငယ် လွင့်ပါးသွားရသည်။

ရိုးဂုဏ် ကလေးငယ်လေး၏ အပြောကို သဘော တကြပြုံးနေမိခိုက် ညီစိုး၏ လက်တို့မှုကြောင့် ညွှန်းပြရာကို ကြည့်မိတော့ မိမိ၏ သက်ဆိုင်သူက မျက်ခုံးတန်းလေး တွန့်ကွေးက မိမိကို စိုက်ကြည့်နေကိုတွေ့ရသည်။ ရိုးဂုဏ်လည်း လက်ထဲက ဟင်းလိုက်ချိုင့်ကို ညီစိုးလက်ထဲ ထိုးထည့်က ဆိုင်သူရှိရာဆီသို့ ခပ်သွက်သွက်သွားလိုက်သည်။ မသွားလို့ မဖြစ် တော်ကြာ ပြစ်မှုတိုးနေမှဖြစ်။

မလိုချင်ဘူး...မင်းကိုWhere stories live. Discover now