[Part-13]

7.3K 478 247
                                    

အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားတဲ့ Fashion Show အပြီး၌ Modelတွေရယ်၊ ဖိတ်ထားတဲ့ ဧည့်သည်တွေရယ်နဲ့ လူနည်းစုလေးဖြင့် Party ကျင်းပဖြစ်သည်။

V Brand က ကျွန်တော်ရဲ့ Private Room မှာ အဝတ်အစားလဲနေတာကို ထိုင်ခုံပေါ်နေစိုက်ကြည့်နေတဲ့ အဲဒီလူ။

"ကိုကို.. တစ်ခုခုဖြစ်လို့လား.."

ကျွန်တော်လှမ်းမေးလိုက်တော့ အဲဒီလူက ထိုင်ခုံကနေ မှန်တင်ခုံနားက ကျွန်တော့်ဆီကို လျှောက်လှမ်းလာသည်။

ရုံးခန်းသဘောမျိုးမဟုတ်ဘဲ အနားယူတဲ့ Private Room ဖြစ်တာမို့ အခန်းရဲ့ဖွဲ့စည်းပုံက အိမ်က အိပ်ခန်းကဲ့သို့ပင် အသုံးအဆောင်အကုန်လုံးက အပြည့်အစုံပါဝင်၏။

ကျွန်တော့်ခါးကို အနောက်ကနေဖက်ပြီး ကိုယ်ကို ကိုင်းညွှန့်ကာ ပခုံး‌ပေါ်ကို မှေးစေ့လေးတင်တဲ့ အဲဒီလူ။

"ကိုကို.."

ခါးပေါ်ကိုတင်းတင်းကြပ်ကြပ်သာဖက်ထားမိရင်း ဘာမှမပြောဘဲ စိုက်ကြည့်နေမြဲ ကျွန်တော့်ကို နေကြာက နေရခက်သလိုမျိုးလေး ထပ်၍ခေါ်၏။

နေကြာရဲ့ အင်္ကျီက အနက်ရောင်ဇာပါးပါး‌ပေါ်ကိုမှ အနက်ရောင်လိုင်းတွေနဲ့ ကန့်လန့်ဖြတ်ပြန်ကာထားတဲ့ ပုံစံမျိုးဖြစ်တဲ့အတွက် အထဲက အသားအရေကို မြင်ရတဲ့အပိုင်းက မြင်ရပြီး ကာတဲ့အပိုင်းက ကာထားသည်။

အဲဒါကိုမှ အင်္ကျီကို ဘောင်းဘီအနက်ရောင်ထဲကို တစ်စွန်းတစ်စထည့်ဝတ်ထားတဲ့နေကြာ။ ခါးသိမ်သိမ်က သေးသွယ်နေပြီး ကျန်တဲ့အစိတ်အပိုင်းတွေက အင်္ကျီထဲ မြှပ်နေတဲ့ပုံစံဖြစ်တာမို့ နေကြာက အသည်းယားစရာကလေးဖြစ်နေတော့၏။

ပွဲအခမ်းနားရှိတဲ့နေ့တွေမှာဆိုရင် တစ်ဖက်ကနားဆွဲတစ်ဖက်နဲ့ တခြားတစ်ဖက်က နားကပ်တစ်ဖက်ကိုဝတ်တတ်တဲ့နေကြာက ဒီနေ့တကယ်ကို သိပ်လှနေတာ။

မှန်ထဲက ပုံရိပ်ကို ငေးလို့မဝနိုင်တဲ့ သူ။

နေကြာက မျက်လုံးကလေးလည်ပြရင်း သက်ပြင်းခပ်ဖွဖွချကာ သူ့ခါး‌ပေါ်က ကျွန်တော့်လက်ကို တွန်းဖယ်သည်။

ပါးစပ်ကလည်း...
"ကျွန်တော်တို့ နောက်ကျနေမယ်လေ ကိုကို၊ ပွဲပြီးသွားမှ ကျွန်တော့်ကို ထိုင်ကြည့်တော့နော်"

Still With Coffee (Complete)Where stories live. Discover now