[Part-28] [Final]

4.4K 414 314
                                    

ပြတင်းပေါက်မှန်ကနေတစ်ဆင့်မြင်နေရသည့် ‌နှင်းစက်၊နှင်းမှုန်များကို ကြည့်ရင်း ဖြင့် TaeHyung က ခပ်ဖွဖွလေးပြုံးနေမိသည်။

ထယ်ဟွန်း၏ မွေးနေ့ပြီးကတည်းက သူတို့နှစ်ယောက်လည်း အလုပ်တွေပြန်ရှုပ်နေခဲ့ကြတာ။

အဲဒီလူမွေးနေ့ကိုတောင်မှ သေချာမဖြတ်သန်းခဲ့ကြနိုင်ဘဲ အလုပ်ကိုယ်စီ၊ ကိုယ်စီဖြင့်သာ ပုံမှန်နေ့ရက်ကဲ့သို့ ဖြတ်သန်းဖြစ်ခဲ့ကြသည်။

အသက်တွေကြီးလာသည်နှင့်အမျှ မွေး‌နေ့၊ မွေးရက်.. နှစ်ပတ်လည်တွေနဲ့ နေ့ထူးနေ့မြတ်တွေရဲ့ အရေးပါမှုဟာ တဖြေးဖြေးအရောင်တွေမှေးမှိန်လာတတ်သည်ကို အသက် 32နှစ်၌ သူ ကောင်းမွန်စွာသဘောပေါက်ခဲ့သည်။

လက်ထဲမှာဆုပ်ကိုင်ထားသည့် ကော်ဖီခွက်ကလေးကို မော့သောက်လိုက်မိတဲ့ သူ..။

"ဒီနှစ်ရဲ့ ပထမဆုံးနှင်းပဲ.. နေကြာ.."

ရေချိုးခန်းတံခါးဖွင့်သံ သဲ့သဲ့ကလေးနှင့်အတူတူ အဲဒီလူ၏ အသံကလေးအား TaeHyung ကြားလိုက်ရ၍ ပြတင်းပေါက်မှန်ဘက်မှ အကြည့်တို့ကိုစွန့်ခွာကာ အဲဒီလူဘက်သို့ လှည့်လိုက်မိသည်။

"ဒီနေ့မှာမှ ဒယ်ဂူကိုသွားရတယ်လို့..၊ အမှန်ဆို အိမ်မှာနားရင်းနဲ့ ‌ရုပ်ရှင်ကလေးကြည့်နေရမှာ.."
TaeHyung က ခပ်တိုးတိုးလေးရေရွတ်လိုက်မိ၏။

ဆောင်းရာသီအားလပ်ရက်ဟူ၍ သူတို့အဖို့အများကြီးမရှိသော်လည်း ရခဲလှသည့် ဒီအားလပ်ရက်သုံးရက်လောက်၌ ဒယ်ဂူက ကျွန်တော်တို့ ဆွေ‌မျိုးတွေဆီကို ကလေးတွေနှင့်အတူတူ သွားဖို့ ဆုံးဖြတ်ခဲ့သည်။

ကလေးတွေကို ဆွေမျိုးတွေက နည်းနည်းကလေးမှ မမြင်ဘူး၍ မြင်တွေ့ချင်ကြသည်လည်း ပါ၏။

ကနေဦးအစ,က မားမားကိုပါ ခေါ်မလို့လုပ်သေးသည်။ သို့သော်လည်း မားမားက တဖြေးဖြေး အသက်ရွယ်ရလာသည်နှင့်အမျှ အားလပ်ရက်ဆိုလျှင် အနားပိုယူသင့်သည်ဟု TaeHyung ထင်၍ မားမားကိုမခေါ်ဖြစ်တော့ပေ။

ထို့အပြင် သူတို့က တစ်ညအိပ်ပဲနေမှာဖြစ်ပြီး နောက်တစ်နေ့မနက်ဆိုလျှင် ပြန်လာကြမှာဖြစ်၏။ ထို့ကြောင့် မားမားလိုက်လျှင် မားမားက ပင်ပန်းရမည်။

Still With Coffee (Complete)Where stories live. Discover now