[Part-22]

3.8K 429 118
                                    

အိမ်တံခါးရှေ့မှာ ရပ်နေပြီး ခေါင်းပေါ်က ပတ်တီးကို လက်နဲ့တို့ထိ တို့ထိ ကိုင်ကာ TaeHyung တုန်တုန်ရီရီဖြစ်နေမိတော့သည်။

ဘေးနားကနေ ရယ်တဲ့ အစ်ကို Zat.. ခန္ဓာကိုယ်ကို တသိမ့်သိမ့်တုန်တတ်ပြီး ရယ်မောသည်။

“ဘာတွေကြောက်နေတာလဲ Jeon TaeHyung Shi..”

လက်တစ်ဖက်ကို အနောက်ကိုပစ်ကာ ကျန်တဲ့လက်တစ်ဖက်ကို ပါးစပ်ကို အုပ်ပြီး ရယ်နေတဲ့ အစ်ကို Zatက ကျွန်တော့်ကို ခပ်တိုးတိုးကလေး ပြောသည်။

“ကိုကို ဆူတော့မှာ ကျွန်တော်သိတယ်.. ကားမောင်းရင်း ဖုန်းပြောရင် သူက ကြိုက်တာမဟုတ်ဘူး၊ အခုက ကားပါတိုက်မိပြီး အခု ခေါင်းမှာပါ ဒဏ်ရာရသွားပြီ”

ပတ်တီးကို လက်ညှိုးထိုးရင်း သူပြောတော့ အစ်ကို Zatက ပခုံးစွန်းတစ်ဖက်ကို သူ့လက်နဲ့ ဆုပ်ကိုင်ပြီး..
“JungKookက မင်းကို ဆူရင်လည်း စိုးရိမ်လို့ပေါ့.. ကြောက်မနေနဲ့ ကိုယ်ရှိတယ်”

Password ကို ရိုပ်နှိပ်ပြီး အိမ်ထဲကို ဝင်လာတော့ ဧည့်ခန်းထဲမှာ ရှိမနေတဲ့ အဲဒီလူ။

နာရီကိုကြည့်လိုက်တော့ Meeting ပြီးနေပြီဖြစ်တဲ့အချိန်ပါပဲ။ ကြည့်ရတာ.. အခန်းထဲမှာ အလုပ်ဆက်လုပ်နေပုံပေါ်သည်။

ဝုတ်.. ဝုတ်..။

ဝုတ်.. ဝုတ်.. ဝုတ်..။

“Bam.. YeonTan ငြိမ်ငြိမ်နေ..၊ ဧည့်သည်ပါတယ်.. ကိုယ့်ဟာကိုယ် ဆော့နေနော်..”

ဧည့်သည်ပါလာလို့ ဟောင်နေတဲ့ Bamနဲ့ YeonTan ကို သတိပေးလိုက်တော့ နှစ်ကောင်လုံးက ငြိမ်ငြိမ်လေးထိုင်ပြီး အစ်ကို Zatကို ခေါင်းလေးစောင်းကာ ကြည့်သည်။

“မင်းတို့ရဲ့ ခွေးလေးတွေက လိမ္မာသားပဲ”

မုဆိုးထိုင်ထိုင်ကာ Bamနဲ့ YeonTan တို့ရဲ့ ခေါင်းကို ပွတ်သပ်နေတဲ့ အစ်ကို Zat..

“ခဏနော် အစ်ကို..၊ ကျွန်တော် ကိုကို့ကို သွားခေါ်လိုက်ဦးမယ်.. ကျွန်တော့်ကို ကူပြောပေးပါဦးနော်”

သူ ကြောက်ကြောက်လန့်လန့်နဲ့ပြောတော့ အစ်ကို Zatက ရယ်ရင်း ခေါင်းညိတ်သည်။ မေးငေါ့ရင်း..
“သွားခေါ်လိုက်ပါ..”

Still With Coffee (Complete)Where stories live. Discover now