[Part-15]

4.7K 453 194
                                    

ကားနားအထိ သူ့လက်ကို ဆွဲရင်း ခြေလှမ်းကျဲကျဲနဲ့ လျှောက်လာတဲ့အဲဒီလူရဲ့ ပုံစံကို ကြည့်‌သည်နှင့် ဘယ်လောက်အထိ ဒေါသထွက်နေလိမ့်မလဲ သိသာလှသည်။

ခပ်တိုးတိုးကလေးသာ နေနေမိတဲ့ သူ။

ကားတံခါးကို ဘာမှမပြောဘဲ ဖွင့်ပေးသည်မို့ ခေါင်းလေးငုံ့ရင်းသာ TaeHyung လိုက်ခဲ့လိုက်သည်။

"ဖြေး..ဖြေးမောင်းနော် ဆရာ.."

ကားစက်နှိုးလိုက်တဲ့ သူ့ကို ကြည့်ရင်း TaeHyung က တိုးတိုးကလေးသာ ရေရွတ်လိုက်မိသည်။

အဲဒီလူဆီက ရယ်သံသဲ့သဲ့ကလေး။

"ကိုယ်‌ဖြေးဖြေးပဲ မောင်းမှာပါ နေကြာ၊ ဒါပေမယ့် နေကြာ့ကို ပြောစရာရှိတယ်၊ အိမ်ရောက်မှ အဲဒီကိစ္စကိုပြောမယ်"

သူ့စကားကို နေကြာက အသိမှတ်ပြုရုံ ခေါင်းတစ်ချက်သာညိတ်ပြီး ဘာမှသိပုံမပြ။

အဲဒီနေကြာကလေ.. ဘယ်လောက်ပဲ ထက်မြက်ပါတယ် ဆိုဆို။ သူနဲ့ ဆိုရင်တော့ အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်ရင်း သိပ် အ,နေတတ်ခဲ့တာ။ နှစ်တွေကြာတာတောင် ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပေ။

"ဆရာ.. ကျွန်တော် တောင်းပန်ပါတယ်"

‌ကားမောင်းနေတဲ့ သူ့ကို နေကြာက ငေးကြည့်ရင်း တိုးတိုးက‌လေး ဆိုသည်။

"နေကြာက ဘာအတွက်လဲ"

"ကျွန်တော် ဘာမှပြန်မပြောခဲ့မိလို့လေ.. အဲဒါကြောင့် ဆရာ စိတ်ဆိုးနေတာ မဟုတ်လား"

"မဟုတ်ဘူး.. နေကြာ အခုထက်ထိ မှားနေတုန်းပဲ၊ ဆက်မပြောနဲ့.. အိမ်ရောက်ရင် နေကြာ့အမှားကို နေကြာသိအောင် ကိုယ်လုပ်ပြမယ်"

အဲဒီလူစကားကြောင့် TaeHyung က လက်နှစ်ဖက်ကို စုကိုင်လိုက်ရင်း အချင်းချင်း ကုပ်ဖဲ့နေမိတော့သည်။

အဲဒီလူပြောနေသမျှကို TaeHyung တစ်စက်ကလေးမှ လိုက်တွေး၍ မရ။

"နေကြာ ဘာပြောစရာကျန်နေသေးလို့လဲ"

ကုပ်ဖဲ့နေတဲ့ လက်တွေကို ကားမောင်းနေရင်းကနေ ဘယ်ဘက်လက်နဲ့ဆွဲယူပြီး တားဆီးလိုက်တော့ နေကြာက မော့ကြည့်သည်။

Still With Coffee (Complete)Where stories live. Discover now