5

3.3K 206 11
                                    

တီတီ

Tae pov.. ဟာ ဦးလာပြီထင်တယ်

အိမ်ထဲကနေ ကမန်းကတန်းပြေးထွက်လာတဲ့ Taehyung. ရှပ်အကြီ အဖြူလေးကို ဘောင်းဘီအဖြူလေးနဲ့ တွဲဝတ်လို့ ပိုလာဝတ်ဝံလေးအလား ပြေးထွက်လာတာကာ ..ခြံရှေ့နားအရောက်.
ခလုပ်တိုက်ပြီး လဲကျသွားတဲ့ Taehyung
ကြောင့် ကားပေါ်က အပြေးဆင်းလာတဲ့ Jungkook..

" အာ့ သေပါပြီ "
" ချာတိတ် ဘယ်နားနာသွားလည်း "
" ဟင့် ဒီမှာ ဟင့် ထိမိသွားပြီ "

" ဟာ ချာတိတ်ရယ် ဖြေးဖြေးလာမှပေါ့ လာကားပေါ်တက် တော့ လမ်းရောက်မှ ဆေးဆိုင်ဝင်ပြီး ဆေးဝယ်ပြီးထည့်ပေးမယ် ထ ဦးတွဲပေးမယ် "

ချော်လည်တာကြောင့် ညိုသကျည်းမှာ တလက်မကျော်လောက် ကွဲသွားကာ သွေးက စီးကျလို့နေသည်..

ကားပေါ်မှာ နာတာကို အသံမထွက်ပဲ ကြိတ်ငိုနေတဲ့ Taehyung..ဘေးကတော့ စိုးရိမ်တကြီး ဆေးဆိုင်ရှာနေတဲ့ Jungkook..

ဆေးဆိုင်တွေ့တာနဲ့ ကားကို လမ်းဘေးထိုးရပ်ကာ..

" ချာတိတ် ခဏလေးနော် ဦး ဆေးသွားဝယ်လိုက်အုံးမယ် "

Jungkook ကားပေါ်က ဆင်းသွားတာနဲ့ အသံပြဲနဲ့ အော်ငိုလိုက်တဲ့ Taehyung

" အီးဟီးဟီးဟင့်ဟင့် နာလိုက်တာ အီးဟီး"

ဆေးဆိုင်ထဲက အပြေးတပိုင်းပြန်ထွက်လာတဲ့ jungkook ကားပေါ်တက်လာကာ

" ခြေထောက်ပေး "
"ဟင် ဘယ်လိုပေးရမှာလည်း "

" အော် ဦးဘက်ကို ဘေးတစောင်းလှည့်ထိုင်ပြီး ဦးပေါင်ပေါ် ခြေထောက်တင်လိုက် "
"ဟုတ် "

jungkook ပြောသလို ဘေးတစောင်းထိုင်ကာ ခြေထောက်တချောင်းကတော့ကွေးထားပြီး နောက်တခေါင်းကတော့ jungkook ရဲ့ ပေါင်ပေါ်သို့ လှမ်းတင်လိုက်တယ်..

စီးကျနေတဲ့ သွေးလေးကို ရေစိုတရှူးနဲ့ သေချာ သုတ်ပေးပြီးမှ ဆေးကို ဂရုတစိုက်ထည့်ပေးနေတဲ့ jungkook

ဆေးက စပ်လို့ Taehyung ခြေထောက် တချက်တွန့်သွားတော့ ကုန်းကာ အနာနားတိုးလို့ လေမှုတ်ပေးနေတဲ့ jungkook ကြောင့် Taehyung မှာ အားနာသလိုလို နဲ့ ကြိတ်ပျော်နေသည်..

VÎLLÀÌÑ ( complete) Where stories live. Discover now