18

2.8K 145 2
                                    

" ချာတိတ် ထတော့ "

ကျွန်တော် နိုးလိုက်တော့ မပွင့်တပွင့် မျက်လုံးလေးနဲ့ မော့ကြည့်ကာ ပြုံးပြလာတဲ့ ချာတိတ်..

လက်မောင်းပေါ်အိပ်နေတာကြောင့် ကျွန်တော်လည်း ထလို့မရသေး

" ဦး လာအိပ်တာတောင်မသိဘူး "

" ဦးလာတော့ ချာတိတ်က အိပ်ပျော်နေပြီလေ ဦးကိုတောင်မစောင့်ဘူး "

" အင်း ဘယ်ချိန် အိပ်ပျော်သွားမှန်းမသိလိုက်ဘူး"

" ခုထတော့ သွားဖို့ ပြင်ဆင်ကြမယ် ဦး အပြင်မှာပြင်ဆင်လိုက်တော့မယ် ထွက်မလာရဲရင် ဦးခေါ်မှ ထွက်ခဲ့ "

" ဟုတ် "
...

ကျွန်တော်အားလုံးပြင်ဆင်ပြီး အဆင်သင့်ဖြစ်တာနဲ့ တံခါးလေးသွားခေါက်ကာ ချာတိတ်ကို ထွက်လာဖို့ပြောလိုက်သည် ..

" ချာတိတ်ရေ ထွက်ခဲ့တော့ "
" ဟုတ် ဦး Tae လာပြီ "

ကားပေါ်သို့ အဝတ်အစားအထုတ်တွေတင်ကာ ချာတိတ်ကို တံခါးလေးဖွင့်ပေးလိုက်တော့

" ဟီးဟီး ကျေးဇူးပါ ဦး "

ကျွန်တော်လည်း driver ဘက်မှာဝင်ထိုင်လိုက်ပြီး ကျွန်တော်တို့ကားလေးက Jeju Island သို့ တရွေ့ရွေ့ မောင်းနှင်လာခဲ့သည် ..

Seoul နဲ့ Jeju က 8နာရီ လောက်ကြာအောင်သွားရတာရယ် အေးအေးဆေးဆေးသာ သွားချင်တာ
ကြောင့် ကားကို ပုံမှန်လေးသာမောင်းနှင်လာခဲ့တယ် ..

တလမ်းလုံး ရပ်ချင်တဲ့ နေရာ မှာ ကားလေးရပ်လိုက် အညောင်းအညာဖြေလိုက် မုန့်လေးစားလိုက်နဲ့ သာ ထွက်လာခဲ့ကြတယ်..

" ဦး ပင်ပန်းနေပြီလား Tae မောင်းပေးမယ်လေ"

" ရပါတယ် ချာတိတ်ရယ် ဦးမောင်းနိုင်ပါတယ် "

" ဦးက လည်း Tae က ဦးပင်ပန်းတာ မကြည့်ရက်လို့ပါ "

" ဦးကရော ချာတိတ် ပင်ပန်းတာ ကြည့်ရက်မယ်ထင်လို့လား "

" ဒါပေမယ့် မောင်းပေး ချင်လို့ပါ "

" ဟုတ်ပါပြီ ဦး ညောင်းရင်ပြောမယ် ခုနားနားနေနေ လိုက်ခဲ့ ဟုတ်ပြီလား "
" ဟုတ် "

VÎLLÀÌÑ ( complete) Where stories live. Discover now