22

2.8K 162 2
                                    

နှစ်ပတ်အကြာ ဆေးရုံတက်ခဲ့ကာ ကျွန်တော်ကတော့ အရှင်းသက်သာသွားပေမယ့် ချာတိတ်ကတော့ အရှင်းမသက်သာသေး..

ကျွန်တော်စိတ်မကောင်းဖြစ်မှာဆိုးလို့ အိမ်ပြန်ဖို့မပူဆာတော့ပေမယ့် အိမ်ပြန်ချင်နေမှန်းသိသာလှတယ်..

ဒါကြောင့် အရမ်းကြီး မဆိုးတော့တဲ့ အခြေအနေမှာ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အိမ်ကိုသာပြန်လာခဲ့တယ်..

အိမ်မှာဆို ပိုပြီး သက်သာလာမယ်လို့ယုံကြည်တယ်...

ဒီကြားထဲမှာ တရားခံနှစ်ယောက်ကိုလည်း အမိန့်ချလို့.. Yuri က အလုပ်ကြမ်းနဲ့ ထောင်ငါးနှစ်ကြကာ.. သူတူကတော့ဆေးမှုပါ ပါနေတာကြောင့် အလုပ်ကြမ်းနှင့်ထောင် 10 နှစ် ချမှတ်ခံရတယ်..

ကျွန်တော်တို့ အိမ်ပြန်လာတော့ ဧည့်ခန်းက ဓာတ်ပုံလေးမြင်တော့ သဘောတကျကြည့်နေတဲ့ ချာတိတ်

" ဦး ဒီပုံလေးကို ပုံကြီးချဲ့ပေးထားတာလား "

" အင်း ဟုတ်တယ် ချာတိတ်ပဲ ဧည့်နေရာမှာ ချိတ်ချင်တယ်ဆို "

" ဟုတ်တယ် "

" ချာတိတ် ဘာစားချင်လည်း စျေးသွားဝယ်ကြမလား ဦးတို့ "

" ဦး ....Tae ကြောင့်ပင်ပန်းနေပြီမဟုတ်လား "

ဧည့်ခန်းက ဓာတ်ပုံလေးကိုကြည့်ကာ ပြောလာတဲ့ ချာတိတ် လက်ထဲက သယ်လာတဲ့ အထုတ်တွေကို ချကာ ချာတိတ်နားသွားလိုက်ပြီး အနောက်ကနေသိုင်းဖတ်လိုက်ကာ..

" အဲ့လိုနောက်ခါဘယ်တော့မှ မပြောနဲ့ကြားလား ချာတိတ်ကြောင့် ဦးမှာ ပင်ပန်းတယ်ဆိုတာ မရှိဘူး.. ချာတိတ်ကို အရမ်းချစ်တာပဲရှိတယ် "

"ဟုတ် "

"ချာတိတ်ကိုအရမ်းချစ်တယ် "

အနောက်ကနေ ဖတ်ထားရာက ပါးပြင်လေးကို နစ်ဝင်သွားတဲ့ အထိအနမ်းလေး ပေးလိုက်တယ်..

" ချာတိတ် ဘာစားမလည်း "

" ဟင့်အင်း မစားချင်ဘူး "

" အားရှိအောင်စားရမယ်လေ "

အနောက်ကနေ ဖတ်ထားရာကနေ ကျွန်တော်ဘက် လှည့်လာပြီး ကျွန်တော်ခါးတို့ကိုသိုင်းဖတ်လို့ ရင်ဘက်ကို မျက်နှာလေး အပ်ကာ..

VÎLLÀÌÑ ( complete) Where stories live. Discover now