7

3.1K 197 2
                                    

yuri " jeon ပြန်ရအောင် "
" အင်း "

ကျောင်းဆင်းချိန်ရောက်တော့ yuri ကို အိမ်လိုက်ပို့ ရင်း အပြင်မှာ ညစာ စားဖို့အတူတူ ကျောင်းကားပါကင်သို့ ထွက်လာခဲ့ကြသည်..

သူတို့ကားပေါ်ရောက်မှ ရွာချလိုက်တဲ့ မိုးကြောင့် ကားပါကင်ကို ထွက်လာမလို့လုပ်နေတဲ့ Taehyung မှာ ကျောင်းအဝင်အဝမှာ ရပ်လိုက်မိတယ်..

ဒါကို လှမ်းမြင်လိုက်တဲ့ Jungkook ထီးသွားပေးမလို့ပြင်လိုက်ပေမယ့်လည်း အနောက်ကရောက်လာတဲ့ yoongi ကြောင့်မပေးဖြစ်တော့..

yg " ကျောင်းသား ထီးမပါဘူးလား "
" ဟုတ် sam.. sam ကားပါကင်သွားမှာဆို တူတူသွား လို့ရမလား "
yg " အင်းလိုက်ခဲ့လေ "
" ကျေးဇူးပါ sam "
..

yuri " မောင်းတော့လေ Jeon "
" အင်း "

ကားကသာ ကျောင်းပြင်ကို မောင်းထွက်လာပေ
မယ့် မျက်လုံးတွေကတော့ back မှန်ထဲကနေ yoongi နဲ့ တူတူ ထီးစောင်းသွားတဲ့ ချာတိတ် စီမှာသာ ရောက်နေသေးသည်..
...

Tae pov..ဒီရက် ပိုင်း ဦး ဘာဖြစ်နေတာလည်း မသိဘူး ကျောင်းဆိုလည်း အစောကြီးသွားတယ်..ကျောင်းရောက်တော့လည်း တွေ့ရင် စကားပြောချင်သလို မပြောချင်သလို့နဲ့..

ဘာလည်း sam yuri က ဘာတွေများပြောထားလို့လည်း..ဒီလိုနဲ့ အနေစိမ်းတော့မှာပဲ မဖြစ်ဘူး
မဖြစ်ဘူး တခုခုတော့ စကားပြန်ပြောမှ ပဲ စဥ်းစားစမ်း ဘာလုပ်ရမလည်း.. ဟုတ်ပြီ ဦး စီ သွားမယ်..

ကျောင်းပိတ်ရက်မို့လို့ အိမ်မှာ နေရင်း အတွေးဝင်ကာ အိမ်ရှေ့အိမ်သို့ ထွက်လာခဲ့လိုက်သည်.

တီတောင်

yuri " Jeon ရေ ဧည့်သည်ထင်တယ် "
" အင်းကိုယ်သွားကြည့်လိုက်အုံးမယ်"

တံခါးဖွင့်လိုက်တော့ မြင်လိုက်ရတဲ့ ချာတိတ်

" ချာတိတ် ဘာကိစ္စရှိလို့လည်း "
" ကျွန်တော် ဟို...ဟို..ဗိုက်ဆာလို့ "
" ဟင် အိမ်မှာဘာမှ မရှိဘူးလား "

" ကျောင်းပိတ်ရက်ဆို အပြင်ကမှာစားတာ ခုစားရတာ ရိုးလာလို့ ဦး ချက်ကျွေးတာစားချင်လို့ "
" အော် အိမ်ထဲမှာ sam yuri လည်းရောက်နေတယ် "

VÎLLÀÌÑ ( complete) Onde histórias criam vida. Descubra agora