*1*

7.3K 108 5
                                    

UNICODE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


UNICODE

စည်းများခြားသော်***

              Segment 1

“သတို့သမီးလာပါပြီရှင်....”

အကျဉ်းရုံးပွဲလေးမို့...၃၀လောက်ပဲရှိတဲ့
အထက်တန်းစားလူတွေနဲ့အတူ
ရွှေအိုရောင်လွှမ်းသောခမ်းနားတဲ့ပွဲကြီးရဲ့
အငွေ့အသက်က လူကိုလွှမ်းခြုံသွားလေသည်။

ပန်ဆင် ဒယ်ဒီ့လက်ကိုမြဲမြံစွာဆုပ်ကိုင်ရင်း
အသက်မပါသောခြေလှမ်းတွေနဲ့သတို့သား
ရှိရာကိုတစ်လှမ်းချင်းလျှောက်လှမ်းလာခဲ့၏။

မျက်နှာကိုအကာအကွယ်ပေးထားတဲ့
ဇာပါးကအရာရာကိုထိုးဖောက်ကာ
ပန်ဆင့်ရဲ့မျက်ဝန်းတွေကိုပုံရိပ်မြင်စေသည်။
နာမည်နဲ့လိုက်အောင် ခမ်းနားထည်ဝါနေသော
ထိုလူက ရင်ဘတ်မှာ ရွှေဒေါင်းပုံ
ရင်ထိုးကိုအထက်တန်းကျစွာထိုးထားလေ၏။
ထို့အတူ ရွှေရောင်သမ်းနေသောဝတ်စုံကို
ထည်ဝါစွာဝတ်ဆင်ထားရင်းမှ
ရွှေအိုရောင်ဆံပင်တွေကို သိမ်းလှန်ထားပုံက
ရုပ်ခံကိုပိုသန့်စေသည်။

သူ့ဆီကအကြည့်ကိုရုတ်သိမ်းကာ
ခြေထောက်ကိုလာရောက်ထိစပ်နေတဲ့
ရွှေရောင်လွှမ်းသော ဂါဝန်စထူထူကြီးကို
မသိမသာမ၍ တဖြည်းဖြည်းလှမ်းလာရင်းမှ
နောက်ဆုံး သတို့သားရှိရာကိုရောက်လာခဲ့သည်။

သူက ဘာမှသိပ်စဉ်းစားမနေပဲ ပန်ဆင့်ရဲ့လက်ကို
ဒယ်ဒီ့လက်ထဲကပြောင်းယူကာ စင်မြင့်ပေါ်ကို
တဖြည်းဖြည်းတက်သွားလေ၏။

ထိုအခါမှာ တိုက်ထားကြလားအောင့်မေ့ရအောင်
တဖျက်ဖျက်နဲ့မီးရောင်လင်းလာတာက
သတင်းထောက်တွေဆီကဖြစ်သည်။
Private wedding ဆိုပြီး ဘာကြောင့်
သတင်းထောက်တွေဖိတ်ထားသေးတာလဲ.....

စည်းများခြားသော် (စညျးမြားခွားသောျ) Complete Where stories live. Discover now