*21*

2K 52 2
                                    

UNICODE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

UNICODE

စည်းများခြားသော်***

                Segment 21

ရိုက်ကွင်းမှာလဲဘယ်လိုမှစိတ်နှစ်မရပဲ
Scene တစ်ခုကို လေးခါလောက်ပြန်ရိုက်နေရတော့
ကြာတဲ့အခါ စိတ်ရှုပ်လာသည်။

ရှုတင်ခဏbreakရင်း မနွေးပေးလာတဲ့
အအေးခွက်ကိုအလောတကြီးယူကာ
မော့သောက်ချပြစ်မိ၏။

“အော် ပန်ဆင်ရယ် ဖြေးဖြေးလုပ်ပါ
သီးကုန်ပါအုံးမယ်.....”

“မရဘူးမနွေး ပန်ဆင်ရင်တွေပူနေတယ်
အအေးသောက်တာတောင်အဲ့အပူက
မပျောက်သွားဘူး.....”

“ဟယ် ဘာတွေဖြစ်လို့လဲ.....”

စိတ်လွတ်လက်လွတ်ပြောထွက်လိုက်ပေမဲ့
မနွေးပြန်မေးတဲ့အမေးက လူကိုငြိမ်သက်သွားစေ၏။
ထိုအခါမှပန်ဆင် အမူအရာကိုပြန်ထိန်းလိုက်ကာ
အအေးကိုမသိမသာလှုပ်လိုက်ရင်းမှ

“ဘာမှမဟုတ်ပါဘူး ဒီတိုင်းစိတ်ရှုပ်စရာလေးတွေ
ရှိလာလို့....”

“သေချာရဲ့လားပန်ဆင်ရယ်
ညည်းပုံကလဲတော်တော်ကိုမှအပူတပြင်းနဲ့နော်....”

ပြောပြလို့ရပေမဲ့ နောက်ကျမှသိလဲ
အနေနည်းနည်းချောင်တာမို့ပန်ဆင်
ခေါင်းကိုသာယမ်းကာ

“ဘာမှမဖြစ်ပါဘူး အိပ်မက်ဆိုးတွေမက်တော့
ခေါင်းမကြည်ဘူးလေ ရိုက်ကွင်းမှာလဲ
အာရုံမထည့်နိုင်တော့ပန်ဆင် ရင်တွေပူနေတာ....”

ရွှီးရွှန်းဖြေလိုက်တော့သိပ်မယုံချင်ပေမဲ့
ခေါင်းညိမ့်ပြတဲ့မနွေးက ပန်ဆင့်ကို
သေချာစိုက်ကြည့်ပြန်ရင်းမှ

“ဂရုစိုက်နော်ပန်ဆင် တစ်ရက်ပျက်လဲတစ်ရက်
ပန်ဆင်ပိုပင်ပန်းရတယ်မလား
ကိုယ့်ဟာကိုဂရုစိုက် မနွေးလာနေပေးမယ်ဆိုလဲမဟုတ်ဘူး ဘာတွေအဲ့လောက်ကြောက်ပြီး
ငြင်းနေမှန်းကိုနားမလည်တော့တာပါ.....”

စည်းများခြားသော် (စညျးမြားခွားသောျ) Complete Where stories live. Discover now