*13*

2.1K 55 2
                                    

UNICODE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


UNICODE

စည်းများခြားသော်***

Segment 13

"မင်းငါ့ကိုခွင့်လွတ်တယ်ဆိုရင်
ငါတို့ကြားမှာရှိတဲ့စည်းကိုပြန်ဖျက်လို့
ရတယ်မလား...."

"ဘယ်လို...."

အေးစက်စက်နဲ့တည်ငြိမ်တဲ့သူ့မျက်ဝန်းတွေက
ပန်ဆင့်မျက်နှာပေါ်ရစ်ဝဲနေတာကြောင့်
မနေတတ်သလို မျက်နှာလွှဲလိုက်မိသည်။
သူက သက်ပြင်းချရင်းမှ

"ငါ့လုပ်ရပ်တွေက မင်းခွင့်လွှတ်စရာ
မရှိဘူးဆိုတာငါသိပါတယ်....ဒါပေမဲ့
ငါ့ရဲ့ခံစားချက်တွေကိုမင်းသိပြီဆိုတော့
ငါတို့ကြားကစည်းကိုဖျက်လိုက်ပြီးတော့
တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေပြေ
နေကျရင်ကောင်းမလားလို့....."

စည်းခြားမယ်ဆိုတုန်းကလဲ ပန်ဆင့်ကို
မမေးပဲနဲ့သူကိုယ်တိုင်သဘောကျဆုံးဖြတ်ခဲ့ပြီး
အခုမှသူ့စိတ်တိုင်းကျစည်းပြန်ဖျက်ချင်နေတာ...
သူဘာတွေစဉ်းစားနေတာလဲ???

"ကျွန်မအထင် ဒီအတိုင်းလဲကောင်းတယ်လို့
ထင်တာပဲ....အခုဆိုကျွန်မတို့နှစ်ယောက်က
အကြောင်းသိတွေဆိုတော့ ပြသနာဖြစ်စရာတွေ
ရှောင်ရင် ရှင်နဲ့ကျွန်မရှေ့လျှောက် အဆင်ပြေမှာပါ..."

သွယ်ဝိုက်ပြီးငြင်းချလိုက်တဲ့သူမကြောင့်
ခမ်းနား မျက်နှာမှိုင်းသွားပေမဲ့
ပြန်ပြင်လိုက်ရင်းနဲ့မှ

"အဲ့လိုတော့ဟုတ်ပေမဲ့ မင်းပြောသလို
ငါတို့ကလက်ထပ်ထားတာ မခေါ်ချင်ရင်တောင်
မတော်လို့မှမရတာ....မင်းနဲ့ငါကလင်မယားဆိုတဲ့
စည်းထဲရှိနေသ၍ ဒီထက်ပိုရင်းနှီးအောင်
နေလို့ရတာပဲ....."

တဖြည်းဖြည်းနက်နဲလာတော့မဲ့သူ့စကားတွေက
ပန်ဆင့်ကို ထိတ်လန့်လာစေသည်။

စည်းများခြားသော် (စညျးမြားခွားသောျ) Complete Where stories live. Discover now