*2*

2.6K 72 2
                                    

UNICODE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

UNICODE

စည်းများခြားသော်***

              Segment 2

“ငါ့ဆီမှာသံကုတင်ဝယ်ထားတာရှိတယ်...
မင်းသေချာ ဖုန်ခါပြီးတော့
အနားယူချင်ယူလို့ရတယ်.....”

ဟုတ်ကဲ့ အခုလိုစာနာပေးတဲ့အတွက်
ကျေးဇူးတင်လိုက်တာရှင်.....။

ခပ်ရွဲ့ရွဲ့ပင်တွေးရင်း ကြမ်းပြင်ပေါ်မှာ
ဖြစ်သလိုထားထားတဲ့လက်ဂေ့ခ်ျဆီ
လျှောက်သွားကာ ဂါဝန်ကြီးမသက်မသာမ၍
ခဏတော့ထိုင်လိုက်ရသည်။

သို့ပေမဲ့ ကြီးမားတဲ့ဂါဝန်ကြီးက
Glitter တွေနဲ့အတူ ပန်းကပ်ထားတာကြောင့်
မာခေါက်ခေါက်နဲ့ ပန်ဆင့်ကိုအခက်တွေ့စေ၏။

ထို့ကြောင့်  လက်ဂေ့ခ်ျထဲကအသင့်အတင့်ရှိမဲ့
မိန်းမဝတ် t-shirt တစ်ထည်ကိုထုတ်ယူရင်း
ဂျင်းပင်န် ကိုပါတစ်ဆက်တည်းထုတ်ယူလိုက်သည်။
ပန်ဆင် သူ့ကိုပြန်ကြည့်လိုက်တော့
ခေါင်းအောက်ကိုလက်ထည့်ရင်းမှ သူက
အိပ်ပျော်နေတာလား ဘာလားမသဲလွဲပဲ
အသက်ရှုသံမျှဉ်းမျှဉ်းတော့ကြားနေရ၏။

ပန်ဆင် လေးလံလှတဲ့ဒီဂါဝန်ကို
ချွတ်လဲချင်တာကြောင့်အဝတ်တွေယူကာ
ရေချိုးခန်းထဲဝင်လာခဲ့သည်။

တကယ်ပဲ မင်္ဂလာတစ်ခါလေးပဲဆောင်တာကို
ဒီဂါဝန်ကြီးကို သိန်း ဆယ်ဂဏန်းနဲ့ချီ
ပေးဝယ်စရာလား....။
ကိုယ်တိုင်ပိုက်ဆံရှာရလို့လားမသိပေ...
ပန်ဆင် ကပ်စေးနည်းတတ်လာသည်။
သို့ပေမဲ့ ပုံမှန်ထက်ပိုတာမဟုတ်ပဲ
ကိုယ့်အတွက်အစဉ်အသုံးလိုမယ့်ဟာမျိုးမှာသာ
အကုန်အကျခံတာမျိုး.....ဒီလိုတစ်ခါလေး
အသုံးပြုရမဲ့အရာဝတ္ထု‌တွေဆိုရင်တော့
ပန်ဆင် ခဏတာအတွက်ပဲငှားလိုက်မိမှာ.....။

စည်းများခြားသော် (စညျးမြားခွားသောျ) Complete Where stories live. Discover now