*20*

2.3K 55 0
                                    

UNICODE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


UNICODE

စည်းများခြားသော်***

               Segment 20

“တောင်းပန်ပါတယ် နောက်ကိုသူနဲ့
မပတ်သတ်ပါနဲ့ ကိုယ်မင်းကိုစိတ်မချဘူး
သူနဲ့တွေ့လဲမတွေ့နဲ့ စကားလဲမပြောနဲ့
အကြည့်ချင်းတောင်မဆုံပါစေနဲ့
အမိန့်ပေးတာမဟုတ်ပဲ တောင်းဆိုတာပါ
မင်းကိုသူနဲ့တွဲမြင်ရရင် ကိုယ်မခံနိုင်ဘူး....
‌ နော် သူ့ဆီကိုထပ်မသွားပါနဲ့
ကိုယ်တောင်းပန်ပါတယ်....နော် ပန်ဆင်”

လည်ဂုတ်မှာလာရောက်ထိစပ်နေတဲ့
‌အာငွေ့နွေးနွေးက ကြက်သီးထစေတော့
ပန်ဆင် မျက်ဝန်းတွေမှိတ်လိုက်ရင်းမှ
သူ့လက်တွေကိုဖယ်ချလိုက်ကာ

“ဘာလို့မမေးမမြန်းပဲလုပ်ခဲ့တာလဲ
တကယ်ဆိုဘာကြောင့်သူ့ဆီ
နှုတ်ခမ်းနီရောက်နေလဲဆိုတာ
ကျွန်မကိုမေးရမှာလေ....”

“ကိုယ်သိတယ် ဒါပေမဲ့ကိုယ့်ရှေ့မှာလာပေးတယ်
ဆိုထဲကမခန့်တာ ဒါကြောင့်ကိုယ်စိတ်မထိန်းနိုင်ပဲ
သူ့ကိုကိုယ်ထိလက်ရောက်လုပ်မိတာပါ.....”

ပန်ဆင် ဆက်မပြောချင်တော့သလို
အထဲကိုလှမ်းဝင်လာခဲ့သည်။
သူကလဲလိုက်ဝင်လာရင်းမှပန်ဆင့်ဘေးမှာ
လာထိုင်၏။

“သိပါတယ် ဇနီးတစ်ယောက်ရဲ့
နှုတ်ခမ်းနီကတစ်ခြားသူဆီရောက်နေရင်
ဘယ်လိုခံစားရမလဲဆိုတာ ဒါပေမဲ့ရှင့်ဘက်ကလဲ
ရှေ့မကြည့်နောက်မကြည့်မလုပ်သင့်ဘူးထင်တယ်...”

“.....”

သူတိတ်နေတာကြောင့် စဉ်းစားနေမှန်းသိကာ
ပန်ဆင် ငြိမ်နေပေးလိုက်သည်။
သူကတိတ်ကျသွားတာကြောင့်ပန်ဆင်
ထိုနားကထထွက်လာခဲ့၏။

သူသဝန်တိုတာလား?? အဲ့လိုမဟုတ်ဘူးဆိုရင်တောင်
ပန်ဆင်ဘာကြောင့်သူသဝန်တိုနေတယ်ပဲ
ထင်နေမိတာလဲ??

စည်းများခြားသော် (စညျးမြားခွားသောျ) Complete Where stories live. Discover now