( အခန်း၄)

1.2K 145 40
                                    

အချိန်သည်ကားစနေ နေ့ည၈နာရီ၄၅မိနစ်တိတိဖြစ်သည်။ နီညိုရင့်ရောင်အခင်းရှိသောအိပ်ယာထက် ဟိုလှိမ့်ဒီလှိမ့်နှင့်အိပ်လို့ကမပျော်။ အဘယ်ကြောင့်ဆို မနက်ဖြန်တနင်္ဂနွေနေ့ဖြစ်၍ သူ၏ အကြောတင်းAlphaလေးရဲ့ အလုပ်နားချိန်ဖြစ်သည်။

ပုံမှန်အားဖြင့် Hotel ဝန်ထမ်းများမှာနားရက်မရှိသော်လည်း ကြီးကြပ်ရေးမှူးလေးက ပိုင်ရှင်၏တူလို့ကြားထားသည်။ ဒီအတွက် တနင်္ဂနွေနေ့တိုင်းနားချိန်ပေးပြီးသူ့အစား အချိန်ပိုင်းကြီးကြပ်ရေးမှူးငှားလေ့ရှိကြောင်းကိုလည်း Hotel ဝန်ထမ်းများထံစေ့စေ့ပေါက်ပေါက်မေးရာကသိလာ၏။

သူဘယ်လိုလုပ်ရမည်နည်း။ ထိုအကြောတင်းလေးကိုမှ တစ်နေ့လိုက်မစရလျှင် တစ်နေ့နေမထိထိုင်မသာဖြစ်နေတာ အချိန်အားဖြင့်၁ရက်ဆိုသော်လည်း ၊ နာရီနှင့်တွက်ပါက၂၄နာရီ ၊ မိနစ်နှင့်တွက်မည်ဆိုလျှင် ၁၄၄၀မိနစ်၊ စက္ကန့်နှင့်တွက်ပါက ၈၆၄၀၀စက္ကန့်။ တွေးကြည့်လေတွေးကြည့်လေ ဆောက်တည်ရာမရဖြစ်လေမို့ အိပ်ယာပေါ်ကနေဆတ်ခနဲထထိုင်လိုက်တော့သည်။

ဟား! ဂျွန်ဂျောင်ဂု~ဂျွန်ဂျောင်ဂု။ဘယ်လိုလုပ်မှအဲ့ဒီ့ အကြောတင်းAlpha လေးရဲ့အချစ်ကိုပြန်ရမှာလဲ။

စဥ်းစားရင်းဖြင့်အကြံတစ်ခုကဖျတ်ခနဲပေါ်လာသည့်အခါ ခေါင်းအုံးဘေးရှိ tablet ကိုယူ၍ အတွင်းရေးမှူးချာဆီ စာလှမ်းပို့လိုက်သည်။

-- Felix Hotel ကြီးကြပ်ရေးမှူးရဲ့ကိုယ်ရေးရာဇဝင်နဲ့နေအိမ်ကိုစုံစမ်းပေး နာမည်က ဂျွန်ဂျောင်ဂု--

-- အော် ပြီးတော့ မနက်ဖြန်အမှီလိုချင်တယ်--

ဆိုသောစာအား SNS ကနေပို့ပြီးသော် ခဏအကြာမှာတော့ 'ဟုတ်ကဲ့စိတ်ချပါသူဌေး' ဟူသည့်စာပြန်ရောက်လာသည်။ ထိုမှသာလျှင်အိပ်ဖို့ရာကြိုးစားလိုက်တော့၏။

ဤကဲ့သို့ ဂျွန်ဂျောင်ဂုဟာသူ့အားထိုမျှလောက်အထိစိုးမိုးနေပြီးပါပြီ။

______

ကားနှစ်စီးရပ်စာမျှသာရှိသော လမ်းကလေးအတွင်း lexus concept ကားနက်ပြာရောင်လေးအားကျောမှီလို့ နေကာမျက်မှန်ကိုပင့်တင်ရင်း 'ဟွန့်' ခနဲရယ်ချသည်။ မလှမ်းမကမ်းမှမြင်နေရသည့် သံပန်းတံခါးများကာထားတဲ့လုံးချင်းအိမ်ကလေးကိုကြည့်ပြီး ကျေနပ်ပီတိဖြာကနေသေးသည်။

သတိ! ချစ်စကားမပြောရ(completed)Où les histoires vivent. Découvrez maintenant