( အခန်း၁၆)

1.1K 114 20
                                    

honeymoon ခရီးစဥ်အား ၂လနှင့်အဆုံးသတ်ကာပြန်လာကြသည်။အကြောင်းမှာတော့အရင်က၃လဟုတေးထားသည့်ဂင်မ်ထယ်ယောင်းခမျာ သူ၏Alphaလေးထံ၌ရင်သွေးငယ်လွယ်ထားရခြင်းကြောင့်ပင်လယ်လေဒဏ်မခံနိုင်မှာစိုး၍ Hotel မှာကျန်နေခဲ့ ပစ္စည်းတွေကို bodygard တွေအားပြန်အယူခိုင်းပြီးအိမ်မှာပဲနေတော့၏။

ထိုသို့၂လနှင့်ပြန်လာချိန်ရင်သွေးငယ်မှာ၄လတိတိအရွယ်ရောက်ချေပြီ။သို့သော်လည်း Alphaပီပီ ကြွက်သားတို့ပျောက်သွားရုံကလွဲပြီးဘာဗိုက်မှထွက်မလာသေးတဲ့ဂျောင်ဂုကလုံးဝအေးအေးဆေးဆေးဖြစ်နေဆဲ။ဒါပေမဲ့ဖခင်ကြီးဂင်မ်ထယ်ယောင်းမှာတော့ခေါင်းမူးရတာနဲ့၊ အန်ရတာနဲ့၊ဟင်းနံ့မခံနိုင်တာကအစသူပဲခါးစီးခံနေရပါသည်။

ညီမဖြစ်သူကိုအကြောင်းကြားတဲ့အချိန်တုန်းကပြောတာကတော့ လက်တွဲဖော်ကိုချစ်တတ်လွန်းသူများသာထိုသို့ခံစားရတတ်သည်တဲ့လေ။ ထိုနေ့ကလည်းမပြောချင်မှအဆုံး အဲ့ဒီ့ကလေးမငိုသရော လူကိုထုသရောနှင့်ပါးစပ်ကပြန်ဖြေရင်းပြောခဲ့ခြင်းသာ။

ထပ်ပြီး​ လုပ်ငန်းခွင်နှင့်အသိုင်းဝိုင်းမှာတော့အသိပေးထားခြင်းမရှိ။အဘယ်ကြောင့်ဆို သူတို့၏တစ်ဖက်ခြမ်းမှလုပ်ငန်းသည်အန္တရာယ်များတာမို့ဖုံးကွယ်ထားခြင်းဖြစ်သည်။ အကုန်ကုန်ဆိုရပါလျှင်ဂျင်းဂီနင်းတို့တောင်မသိသေးပါလေ။

" အစ်ကို ကျွန်တော်ဝယ်စရာရှိလို့ကုမ္ပဏီဘက်ခဏသွားဦးမယ်။"

ခြံထဲရှိသံဒန်းပေါ်တွင်ထိုင်၍လပ်တော့တစ်လုံးနှင့်အလုပ်လုပ်နေသောထယ်ယောင်းအား အိမ်ထဲကထွက်လာပြီးပြောသည်။ ထိုအခါမှမော့ကြည့်ရင်းမေးလာ၏။

" ဘယ်ကုမ္ပဏီလဲအချစ်"

" ကျွန်တော့်ဦးလေးရှယ်ရာဝင်ထားတဲ့ fashion ကုမ္ပဏီတစ်ခု။ မကြာသေးခင်ကမှဖွင့်ထားတာမလို့သွားဝယ်ဦးမယ်။"

" ကိုယ်မပါပဲမသွားရဘူး နောက်မိနစ်နည်းနည်းဆိုအလုပ်ပြီးပြီကိုယ်နဲ့အတူသွားမယ်။"

"ကျွန်တော်တစ်ယောက်တည်းသွားလည်းဖြစ်ပါတယ်ဗျာ"

ဂျောင်ဂု၏အပြောကြောင့်သက်ပြင်းချရင်းလပ်တော့ကိုဘေး၌ထားကာ အရှေ့မှာရပ်နေသည့်ကလေးအဖေလောင်းလျာရဲ့ပြားချပ်ချပ်ဗိုက်ကလေးကိုလက်ညှိုးနှင့်ဖွဖွထောက်ပြီးပြောလိုက်သည်။

သတိ! ချစ်စကားမပြောရ(completed)Where stories live. Discover now