Ep-22

433 47 34
                                    




ယောန်ဂျွန်းစိတ်ထဲမှာလေးနေတာမလို့ လိုက်သွားလိုက်ချင်ပေမဲ့ ဆူဘင်းပြန်လာလို့သူ့ကိုမတွေ့ရင်ပိုပြီးစိတ်ပူနေမှာကြောင့် အောက်ထပ်ကဧည့်ခန်းမှာဘဲတစ်ညလုံးထိုင်စောင့်နေခဲ့တာ

တစ်နေကုန်အပြင်သွားခဲ့ပြီး အများကြီးလဲငိုထားတာမလို့ တဖြည်းဖြည်းမှေးဆင်းလာတဲ့ သူ့မျက်လုံးတွေ..

" ကိုကို "

သူအိပ်ပျော်နေတုန်းကြားလိုက်ရတဲ့ဆူဘင်းအသံ ၊ ဆက်ကနဲထလိုက်ပေမဲ့ ဆူဘင်းကိုတော့မတွေ့ရ..သူ့ရင်ထဲမှာ တစ်ဒိတ်ဒိတ်ခုန်နေတာကပေါက်ထွက်တော့မလိုဘဲ...နာကြီးကိုကြည့်မိတော့ မနက် ၃ နာရီ ၊ ဆူဘင်းကဒီအချိန်ထိပြန်မလာခဲ့ဘူး..











' ဟို..ငါ ငါမလိုက်တော့ဘူး နင့်ဘာသာဘဲသွားခေါ်လိုက်တော့နော်..ရလား '

' အင်းအင်း ရတယ် '

အတူတူသွားဖို့ပြောထားပြီးမှ ကင်မ်ဆူယောင်းကမလိုက်တော့ဘူးဆိုပြီး phဆက်လာတာ ၊ မလိုက်တာကိုဇွတ်ဆွဲခေါ်နေဖို့ ချယ့်မှာအချိန်ရမနေ..တကယ်ဆိုမနေ့ကတည်းကပြန်သွားခေါ်ချင်ပေမဲ့ ချွဲဆူဘင်းကဒူးထောက်တဲ့အထိပါလုပ်ခဲ့တာမလို့ သူအလျှော့ပေးခဲ့တာ..အမှန်တိုင်းပြောရရင် ချွဲဆူဘင်းဆီကဒီလိုအပြုအမူမျိုးကိုရလိမ့်မယ်လို့မထင်ထားပါ..

Flash back starts..

ကင်မ်ဆူယောင်းဆီကကြားရတဲ့ထူးဆန်းတဲ့စကား ချွဲဆူဘင်းက သူ့ကိုတွေ့ချင်လို့တဲ့ ၊ ချယ့်မှာအဲ့အရိုင်းအစိုင်းနဲ့တွေ့စရာအကြောင်းရှိမနေပေမဲ့ ကိုကိုနဲ့ပတ်သက်ပြီးသူ့ကိုမယုံတာမလို့ အနီးကပ်စောင့်ကြည့်ချင်တယ် ..ဒါမှသူ့အကြောင်းပိုသိမှာမလို့ တွေ့ဖို့ကိုလက်ခံလိုက်တာ

သူတွေ့ဖို့ပြောထားတဲ့ဆိုင်ကိုရောက်တော့ ချွဲဆူဘင်းကကြိုတောင်ရောက်နေပြီ.. ဘာတွေများအရေးကြီးတာမလို့ အဲ့လောက်ဝီရိယတွေကောင်းနေရတာလဲ..တကယ်ဆို သူက 15 မိနစ်လောက်ကြိုထွက်လာတာ..

" ဘာကိစ္စလဲ "

" အရင်ထိုင်ပါအုံး ..ဒါနဲ့မင်းကနောက်ကျလိုက်တာ "

𝗧𝗵𝗲 𝗦𝘁𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 ( Complete ) Where stories live. Discover now